🗡82🗡ဖန်းရှစ်သို့ပြန်သွားခြင်း

482 45 0
                                    

Chapter (82)
ဖန်းရှစ်သို့ ပြန်သွားခြင်း

လဝက်ကျော် ကြာသွားသည်နှင့် ဝိညာဥ်ခုနှစ်မျိုးမှို၏ ကိစ္စသည် ပျောက်ကွယ်သွားသည်။ ဤအရာကို တခြားလူတစ်ယောက်က ရရှိပြီးဖြစ်သည်ကို လူများစွာသိကြပြီး စွန့်စားရန်လာသူ နည်းပါးလာသည်။

ရှေ့တစ်လမ်းလုံးတွင် အဖွဲ့တစ်ဖွဲ့တည်းသာ ကြုံတွေ့ရသော်လည်း လုရွှမ်သည် ၎င်းတို့နှင့်တွေ့ဆုံရန် ပျင်းလွန်းသဖြင့် မသိသလို ကျော်ဖြတ်ခဲ့သည်။

နောက်တစ်နေ့မွန်းတည့်တွင် လုရွှမ်သည် ကျန်းဝူမြို့ထဲသို့ ပြန်လာခဲ့သည်။

အကယ်ဒမီကို ပြန်သွားမယ့်အစား ကျန်းဝူဖန်းရှစ်ကို သွားခဲ့သည်။

"ဒါက ခင်ဗျား အရင်တစ်ခေါက်က မေးထားတဲ့ မေးခွန်းသုံးခုပဲ.... ကျွန်တော့်ဆရာက ခင်ဗျားအတွက် အဖြေပေးထားပြီးသား!"

ဖန်းရှစ်ပိုင်ရှင် ယွမ်ဟုန်ကို ရှာတွေ့ပြီးနောက် လုရွှမ်သည် မတိုင်ခင်က သူမေးခဲ့သော မေးခွန်းသုံးခုအတွက် အဖြေများကို ပေးအပ်ခဲ့သည်။

ယွမ်ဟုန်၏မေးခွန်းသည် သူ့အတွက် အလွန်ရိုးရှင်းပြီး အဂ္ဂိရတ်ပညာတွင် သာမာန်မေးခွန်း တစ်ခုဖြစ်သည်။

"ကျေးဇူးတင်ပါတယ်!"

ယွမ်ဟုန်က အဖြေကို အမြန်ဖွင့်ဖတ်လိုက်ပြီး ခဏလောက် ကြည့်ပြီးနောက် သူ့မျက်လုံးတွေက ပိုတောက်ပလာပြီး သူ့အရင်က သံသယတွေ ရုတ်တရက် ရှင်းသွားကာ ဉာဏ်အလင်း ပွင့်သွားတယ်လို့လည်း ခံစားလိုက်ရသည်။

"စကားမစပ် သခင်ဖန်းကို ဒုက္ခပေးစရာ တစ်ခုခုရှိလို့ !"

ယွမ်ဟုန်မှ ကျေနပ်နေသော အမူအရာဖြင့် အဖြေကို ဖတ်ပြီးသည်နှင့် လုရွှမ်က

"ဒီကိစ္စကို ပြီးအောင်လုပ်နိုင်မယ် ဆိုရင် ကျွန်တော့်ဆရာက ကိုယ်တိုင်လာပြီး အဆင့်၅ ​မှော်ဆေးလုံးကို သန့်စင်ပေးနိုင်​အောင် သင်ပြပေးလိမ့်မယ်....ခင်ဗျား နားမလည်တာတွေကိုလည်း မေးနိုင်မယ်!"

အကျိုးကျေးဇူးတွေကို အရင်ထုတ်ပြလိုက်ရင် ငြင်းပယ်တဲ့စကားက ပြောဖို့ မလွယ်တော့ဘူးလေ။

ပြန်မွေးဖွားလာသော ဧကရာဇ် (ဘာသာပြန်) book 1Where stories live. Discover now