🗡45🗡ဥပဒေအဖွဲ့ကလုပ်တာလား?

666 57 0
                                    

Chapter (45)
ဥပဒေအဖွဲ့ကလုပ်ခဲ့တာလား?

"ဘာဖြစ်လို့လဲ?"

သူမကိုမြင်လိုက်ရတော့ မင်းသမီးလော့ရုံ အံ့အားသင့်သွားပြီး ရှေ့ကို အမြန်ပြေးသွားလိုက်သည်။

ရုပ်သေးကို အသက်သွင်းရန်အတွက် ကတ်အပေါက်၏ ရှေ့တွင် အချိန်မည်မျှ သုံးစွဲပြီး ရွှေစမည်မျှ ကုန်သွားသည်ကို မှတ်တမ်းတင်ရန် နံပါတ်တန်းတစ်ခု ပါရှိသည်။

လေ့ကျင့်ချိန်တိုင်း ၎င်းတွင် ပြသထားသော နံပါတ်သည် များသောအားဖြင့် ၁၀မိနစ် ဝန်းကျင် ဖြစ်သော်လည်း ၎င်းတို့ရှေ့ရှိ နံပါတ်မှာ ၂၇မိနစ် ဖြစ်နေသည်။

"၂၇ မိနစ်? တစ်စုံတစ်ယောက်က ဒီမှာတောင့်ခံခဲ့တာ ၂၇ မိနစ်.... အဲဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?"

မင်းသမီး လော့ရုံသည်လည်း လင်ရှောင်းရှောင်းနည်းတူ သူမ၏ မျက်နှာသည် ရုတ်တရက် နီရဲလာပြီး မျက်လုံးများ ပေါက်ထွက်လုနီးပါး ဖြစ်လာသည်။

သူမမြင်လိုက်သော ကိန်းဂဏန်းများသည် အစစ်အမှန် ဖြစ်သည်ကို ယုံရခက်နေပါ၏။

မုရှန့်အစီအရင် ဖွဲ့စည်းပုံသည် စစ်မှန်သော စွမ်းအင်ကို အသုံးပြုခွင့် မပြုဘဲ ရုပ်သေးရုပ်ကို ခန္ဓာကိုယ်ဖြင့်သာ တိုက်ခိုက်နိုင်သည်။

လင်ရှောင်းရှောင်းသည် နန်းတော်ပင်လယ်ဘုံ အလယ်အလတ် အဆင့်တွင် သန်မာသူဖြစ်ပြီး သူမသည် ဤနေရာတွင် ဆယ်မိနစ်မျှသာ နေနိုင်၏။

နန်းတော်ပင်လယ် နယ်ပယ်၏ ပြီးပြည့်စုံခြင်းအဆင့် သန်မာသော မင်းသမီးလော့ရုံပင်လျှင် မိနစ်၂၀ထက် ပိုမနေနိုင်ပေ။

ဒီအခိုက်အတန့်မှာ ၂၇ မိနစ်ကြာအောင် တစ်စုံတစ်ယောက်က တောင့်ခံနိုင်ခဲ့တယ်?  ဘယ်လိုလုပ် မတုန်လှုပ်ဘဲ နေပါ့မလဲ

သုံးမိနစ်ကြာအောင် နေနိုင်ရင်ပဲ ပါရမီရှင် ဖြစ်နေပြီ။ ၂၇ မိနစ်ကြာအောင် နေနိုင်တယ်? ဒါဘယ်လို အခြေအနေကြီးလဲ?

"လူရော ဟုတ်ရဲ့လား?"

အချိန်အနည်းငယ် ကြာပြီးနောက် လင်ရှောင်းရှောင်းက တုန်လှုပ်စွာ အော်လိုက်သည်။ ဒါက ကျင့်ကြံတာမဟုတ်ဘဲ ကိုယ်ခံပညာ လေ့ကျင့်တာလေ။

ပြန်မွေးဖွားလာသော ဧကရာဇ် (ဘာသာပြန်) book 1Nơi câu chuyện tồn tại. Hãy khám phá bây giờ