🗡60🗡၃လအတွင်းအဆင့်၅အဂ္ဂိရတ်ဆရာဖြစ်လာစေရမယ်

619 62 0
                                    

Chapter (60)
၃လအတွင်း အဆင့်၅ အဂ္ဂိရတ်ဆရာ ဖြစ်လာစေရမယ်

ဒဏ္ဍာရီတွင်သာ ရှိသော အမြင့်ဆုံး နန်းတော်ပင်လယ် နယ်ပယ်သည် ပထမအဆင့် နန်းတော်ပင်လယ်ထက် အားကောင်းသည်။

အရင်ကတော့ ပွင့်ပွင့်လင်းလင်း လုပ်နိုင်မယ်လို့ တွေးမိပေမယ့် ကြိုးကြိုးစားစား လုပ်ပြီးတဲ့နောက်မှာ ဒါက မဖြစ်နိုင်ဘူးဆိုတာ သူသဘောပေါက်သွားသည်။

အခုကျီးကန်းက ယွမ်ယန်ကျင့်စဥ်ကို ပြင်းပြင်းထန်ထန် လေ့ကျင့်ရင် အမြင့်ဆုံး နန်းတော်ပင်လယ် နယ်ပယ်ကို ဖွင့်နိုင်မယ်လို့ ရုတ်တရက် ပြောချလိုက်၏။

ဘာတွေဖြစ်နေတာလဲ?

အမြင့်မြတ်ဆုံး နန်းတော်ပင်လယ် နယ်ပယ်သာ တကယ်ရှိတယ်ဆိုရင် သူ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ စွမ်းအားတွေက အဆုံးမရှိလို့ ပြောနိုင်ပြီး သူ့အရင်ဘဝထက် ကျော်လွန်ဖို့ အချိန်တစ်ခုပဲ လိုပါတော့သည်။

"မှန်တယ်...ယွမ် အရာခပ်သိမ်းရဲ့အစ၊ ယွမ်ယန်ကို ကိုးခုခွဲထားတယ် နန်းတော်ပင်လယ် နယ်ပယ်ကို ဖွင့်လိုက်ရင် နန်းတော်ကိုးခု ဖြစ်ပေါ်လာပြီး နန်းတော်ပင်လယ် နယ်ပယ်ကြီး တစ်ခုတည်းအဖြစ် ပေါင်းစည်းရမယ့် အချိန်ရောက်လာတဲ့အခါ သဘာဝအတိုင်း အမြင့်ဆုံး နန်းတော်ပင်လယ် နယ်ပယ် ဖြစ်ပေါ်လာလိမ့်မယ်!"

ကျီးကန်း၏ အမည်းရောင် ဦးခေါင်းသည် ကျေနပ်စွာ စောင်းသွားသည်။

"နန်းတော်၉ခုကို ဖွင့်ရမယ်?" လုရွှမ် နားမလည်ပေ။

"နားမလည်ဘူးလား? ဒါဆို မင်းကို မေးပါရစေ....ကျင့်ကြံသူမှာ နန်းတော်ပင်လယ် ဘယ်လောက်ရှိလဲ?"

"သေချာပေါက် တစ်ခုတည်းပေါ့!" လုရွှမ်ကပြောသည် ။

နန်းတော်ပင်လယ်သည် ဒန်တီယန်ထဲတွင်ရှိပြီး လူတစ်ဦးလျှင် တစ်ခုသာရှိ၍ စစ်မှန်သောစွမ်းအင်ကို သိုလှောင်ရန်အတွက် အသုံးပြုသည်။ထို့အပြင် ဒီထက်ပို၍ အသုံးမဝင်ပေ။

"ယွမ်ယန်ကျင့်စဥ် လေ့ကျင့်ပါ...ဒါဆို မင်း နန်းတော်ကိုးခုကို ဖွင့်နိုင်ပြီ!" ကျီးကန်းကသူ့ကို ကမ္ဘာ့ပညာရှင် တစ်ယောက်လို ငုံ့​ကြည့်နေသည်။

ပြန်မွေးဖွားလာသော ဧကရာဇ် (ဘာသာပြန်) book 1Where stories live. Discover now