Episode-26(Final-2)

1.2K 112 42
                                    

(Unicode)

2020ခုနှစ်...

"အဲ့တော့ပြောချင်တာက ကျွန်တော့်ကိုစိတ်မချလို့ hyungကJaeyun hyungကို Heeseungနဲ့ရင်းနှီးခိုင်းခဲ့တာပေါ့"

"အင်း..."

လက်လေးပိုက်ကာ မျက်မှောင်လေးကြုံ့နေသောJungwonရှေ့၌ Jayတယောက်တသက်လုံးမဖြစ်စဖူးမျက်နှာငယ်လေးနှင့်။ အစစအရာရာအဆင်ပြေနေသောနေ့လေးတွင် ပြသနာက ခန်းမရှေ့မှJaeyunနှင့်Heeseungအား Jungwonမြင်သွားရာကစခဲ့သည်။

ပွဲတလျှောက်Jungwonဘာမှမပြောသော်ငြား အားလုံးပြီးစီး၍ အိပ်ခန်းထဲဝင်ခါမှ Jayအစစ်မေးခံနေရခြင်းဖြစ်တော့သည်။ အရင်ကနိုင်ထားသမျှ အခုတော့သူ့အလှည့်ရောက်နေရပြီ။

Park Jayရေခံပေဦးဟ။ ဒါဟိုနှစ်ကောင်မွှေတာ။

"ကျွန်တော်မေးနေတယ်လေ၊ hyungပြန်မဖြေဘူးလား"

နားထဲစူးခနဲ့ဝင်လာသောJungwonအသံ​ကြောင့် Jayဟိုတွေးဒီတွေးမှသတိဝင်လာတော့သည်။

"ဟင်...ဘာ​ပြောလိုက်တာလဲ၊ hyungမကြားလိုက်လို့"

ထိုအခါ Jayစီဒိုင်းခနဲ့ရောက်လာပါသောမျက်စောင်းတစုံ။

"ပြောနေတာကိုတောင်စကားနားမထောင်ဘူးဆိုတော့ ရပြီးပြီဆိုပြီးhyungက ကျွန်တော့်ကိုအလေးမထားတော့တာလား၊ မချစ်တော့တာလား"

Jayသည်းမခံနိုင်တော့၊ ဒီတိုင်းဆက်သွားနေ၍မဖြစ်။ ဒီထက်ပိုလွှတ်ထား၍လည်းမဖြစ်။ သူ့အကြောင်းသိအောင်ပြမှဖြစ်မည်။

ထို့ကြောင့် ချက်ချင်းဆိုသလို ဝုန်းခနဲ့နေရာမှထလိုက်ကာ Jungwonဘေးပြောင်းထိုင်လိုက်ပါသည်။

"ဘာလို့အဲ့စကားတွေပြောရတာလဲJungwon။ ကိုယ်မင်းကိုဘယ်လောက်ချစ်တယ်ဆိုတာ မင်းမသိဘူးလား။ သူများရင်ခုန်သံတွေဒုတ်ဒုတ်နဲ့မြည်နေတာတောင် ကိုယ့်ရင်ခုန်သံက Jungwon...Jungwonနဲ့မြည်နေတာပါကွာ"

သူJungwonအားဘယ်လောက်ချစ်ကြောင်းသိစေရန် ချော့ရန်ဆုံးဖြတ်လိုက်ခြင်းသာဖြစ်သည်။

"ဒါဆို ဘာလို့hyungက Jaeyun hyungကိုအဲ့လိုခိုင်းရတာလဲ။ Hyungရင်ခုန်တတ်သလို သူတို့လည်းရင်ခုန်တတ်တဲ့သူတွေပဲလေ။ သူတို့ကိုကိုယ်ချင်းမစာဘူးလားဗျ။ အခုနေကျွန်တော်က hyungကိုအတည်မချစ်ပါဘူး၊ သူများကခိုင်းလို့ဟန်ဆောင်နေတာပါလို့ပြောရင်hyungဆိုဘယ်လိုနေမလဲဗျ"

You've reached the end of published parts.

⏰ Last updated: Sep 27, 2022 ⏰

Add this story to your Library to get notified about new parts!

Me & You(Fanfic)Where stories live. Discover now