Episode-20

787 99 77
                                    

(Unicode)

2010ခုနှစ်...

"မင်းမနေ့ကဘယ်ချိန်မှပြန်ရောက်တာလဲ"

ဘေးနားမှအတူယှဥ်တွဲလျှောက်လာရင်း ရုတ်တရက်မေးလာသောHeeseungကြောင့် Jungwonအသာပင်ပြန်ဖြေပေးလိုက်မိသည်။

"အင်း...၅နာရီပတ်ဝန်းကျင်လောက်ဖြစ်မယ်"

သူပေါ့ပေါ့ပါးပါးပင်ဖြေလာသော်ငြား Heeseungသည်တော့ ထပ်မံမေးလာပြန်သည်။

"အဲ့လူနဲ့ဘာတွေပြောခဲ့ကြတာလဲ"

"ဒီတိုင်းသူကလည်းတောင်းပန်ပါတယ်ဆိုတာပဲ၊ ငါကလည်းရပါတယ်ပေါ့ကွာ"

"အော်...သူကဘယ်လိုလူမျိုးလဲ"

ဒီတခါတော့ Jungwonမနေနိုင်တော့၊ သူ့ဘေးမှHeeseungအား လှည့်ကြည့်မိတော့သည်။

"Lee Heeseungမင်းဘာဖြစ်နေတာလဲ။ ဒီနေ့မှမေးခွန်းတွေများလှချည်လား"

Jungwonပြောလိုက်လေတော့ Heeseungသည်ဖြေရခက်ဟန်ဟိုကုပ်ဒီကုပ်ဖြစ်သွားရသည်။ ပြီးမှ

"မင်းကိုအကြံနဲ့ချဥ်းကပ်နေတဲ့သူဖြစ်မှာစိုးလို့ပါ။ အများအမြင်မှာ ငါကမင်းသူငယ်ချင်းဆိုတော့ တခုခုဆိုငါကတာဝန်မကင်းဘူးဖြစ်မှာလေ"

အကြည့်ချင်းမဆုံပါပဲ ဟိုကြည့်ဒီကြည့်နှင့်ရှောင်လွှဲဖြေလာသောHeeseungအားကြည့်၍ Jungwonပြုံးစိစိဖြစ်လာလေသည်။

ရှက်နေသည့်အချိန်ဆိုလျှင် Heeseungသည်သိပ်ချစ်စရာကောင်းလွန်းသည်လေ။

"မဟုတ်မှလွဲ...မင်းသဝန်တိုနေတာလား..."

ပြီတီတီအကြည့်တို့နှင့်မေးလာသော Jungwonအမေးတို့နောက် Heeseungမျက်နှာကြီးရဲတက်သွားရတော့သည်။

"သ...သဝန်...သဝန်တိုတဲ့လား။ ငါကတမိုးအောက်တယောက်Lee Heeseungပါကွ။ ငါ့လိုလူမျိုးကသ...သဝန်တိုမလား"

ဆူငေါက်ဟန်နှင့်ပြောနေသော်ငြား ပါးနှစ်ဖက်ရဲတက်သွားသောHeeseungသည် ပြောဆိုရင်းပင်နေရာမှအလျင်မြန်ထွက်သွားလေတော့သည်။ သူ့နောက်တွင်တော့Jungwonလည်း အော်ဟစ်ရင်းပင်လိုက်သွားပါသည်။ လမ်းမထက်ကောင်လေးနှစ်ယောက်၏စနောက်သံတို့ကအသက်ဝင်လျက်။

Me & You(Fanfic)Where stories live. Discover now