Episode-8

830 103 57
                                    

(Unicode)

2010ခုနှစ်...

တိတ်ဆိတ်နေသောအိမ်ထဲ Heeseungနှုတ်ခမ်းနားရှိအနာအားဆေးထည့်ပေးနေသောJungwon။ မျက်နှာနှစ်ခုကနီးကပ်လျက်။

တစုံတခုသောအကြောင်းပြချက်ကြောင့် Jungwonအနေရခက်စွာ တောင်ကြည့်မြောက်ကြည့်ဖြစ်နေမိသည်။

Heeseungသည်တော့ Jungwonအားအကဲခက်နေမိတော့သည်။ ဆေးထည့်ပေးပြီးသည့်ဒဏ်ရာအား အသာလေမှုတ်ပေးနေလေရာ ပါးလေးကဖောင်းလိုက်ပိန်လိုက်နဲ့။ အနီးကပ်ကြည့်မှသတိထားလိုက်မိသည်က ထိုပါးလေးတွေသည်ပင် ပန်းရောင်ပြေပြေလေးသန်းနေပြန်သည်။ မသိလျှင် မက်မွန်သီးလုံးလေးတွေအလား။

"မင်းပါးကပါးနီခြယ်ထားတာလား"

Heeseungမနေနိုင်စွာမေးလိုက်မိတော့ စူးခနဲ့ကြည့်လာသောJungwonသည် မာန်ဖီနေသည့်ကြောင်ပေါက်လေးအလား။ မကြာလိုက် Heeseungအင်္ကျီကော်လံစအားဆွဲကိုင်လာကာ ဒေါသတကြီးဆိုလာလေသည်။

"ဟေ့ကောင်...မင်းကနှုတ်ခမ်းတဖက်မှာပဲအနာရထားတော့ တူသွားအောင်ကျန်တဲ့တဖက်မှာပါအနာရအောင် လုပ်ပေးစေချင်နေတာလား။ ငါ့လက်သီးကလူမရွေးဘူးနော်။ အကောင်သေးပင်မဲ့အထင်လာမသေးနဲ့"

"နေ...နေပါဦးကွ၊ မင်းကလည်ထစ်ခနဲ့ရှိဒေါသချည်းပဲ။ ငါတကယ်မသိလို့မေးတာကို"

ထိုအခါမှ မျက်စောင်းလေးတရွယ်ရွယ်နှင့် Jungwonပြန်လွှတ်ပေးလိုက်တော့သည်။ ထို့နောက် ဆေးဘူးအားအဖုံးပိတ်ရင်းနှင့်ပင်

"အဲ့ဒါကသဘာဝအတိုင်း။ ငါမွေးကတည်းကသူ့အလိုလိုအဲ့အရောင်ဖြစ်နေတာ။ ငါ့အဖေပြောတာတော့ ငါ့အမေလည်းအဲ့လိုပဲတဲ့။ ငါကငါ့အမေတူတာနေမှာပေါ့"

"တူတာနေမှာဆိုတာဘာလဲကွ၊ မင်းကမင်းအမေကိုမမြင်ဖူးဘူးလား"

Heeseungထပ်မံမေးလိုက်လေတော့ လှုပ်ရှားနေသောJungwon အလိုလိုငြိမ်ကျမိသွားတော့သည်။

"Jung...Jungwon၊ ဟေ့ကောင်ဘာဖြစ်တာလဲ"

Heeseungမေးလိုက်တော့မှ Jungwonခေါင်းယမ်းပြလာတော့သည်။

"ဘာမှမဖြစ်ပါဘူး။ ငါ့အမေကိုသတိရသွားလို့ပါ"

"မင်းအမေကဘယ်ရောက်သွားတာ"

Me & You(Fanfic)Where stories live. Discover now