Episode-18

735 101 75
                                    

(Unicode)

2010ခုနှစ်...

တရိပ်ရိပ်သွားနေသောကားလေး။ သစ်ပင်များ၊ လူနေအိမ်အဆောက်အအုံများ၊ လူများ အားလုံးအားဖြတ်ကျော်၍ သူရည်ရွယ်ရာသို့ဦးတည်သွားနေလေသည်။

"ဟိုလေ...ကျွန်တော့်ကိုခေါ်ခိုင်းလိုက်တာဘယ်သူလဲဟင်"

တိတ်ဆိတ်နေသောကားထဲ Jungwonအရဲစွန့်လျက်မေးလိုက်တော့သည်။ မတွေ့ခင် သူတွေ့ရမည့်သူအကြောင်း အနည်းနှင့်အများသိထားမှဖြစ်မည်လေ။

"သူလား...အင်း...မင်းသူ့ကိုတွေ့မှသူပြောပြတာပိုကောင်းမယ်ထင်တယ်"

အပြုံးနှင့်ပဲဆိုလာသောJakeစကားကြောင့် Jungwonမကျေမနပ်နှင့် ငြိမ်သွားမိတော့သည်။ မည်ကဲ့သို့ပုဂ္ဂိလ်မျိုးမို့ ယခုလောက်လျှို့ဝှက်နေရသနည်း။

"Hyungတခုလောက်တော့ ကြိုမှာချင်တယ်"

Jakeမှစကားပြန်စလာသောကြောင့် Jungwonလှမ်းကြည့်လိုက်သည်။

"မင်းနဲ့တွေ့လို့သူ့ဘက်ကအရီအပြုံးမရှိခဲ့ရင် မင်းစိတ်မဆိုးပါနဲ့။ အဲ့ဒါသူ့ရဲ့...အင်း...ရောဂါကြောင့်ပါ"

"​ဗျာ...ဘယ်လိုရောဂါမို့လို့ မရီမပြုံးနိုင်ရတာလဲဗျ"

Jungwonအံ့သြတကြီးမေးမိပြန်သည်။ မရီမပြုံးနိုင်သည့်ရောဂါဟူ၍သူမကြားဖူး။

"မရီမပြုံးနိုင်ဘူးဆိုတာထက် ရီပြုံးဖို့ခံစားချက်တွေကိုမခံစားနိုင်တာပါ။ ဘာပြောပြော အဲ့ဒါကြောင့် မင်းနဲ့တွေ့လို့အရီအပြုံးမရှိရင် မင်းဘယ်လိုမှသဘောမထားဖို့မျှော်လင့်ပါတယ်"

"သူ့ရောဂါကြောင့်ဆိုတော့လည်း မတတ်နိုင်ဘူးလေ၊ ကျွန်တော်နားလည်ပါတယ်"

Jungwonကြည်ကြည်သာသာပင် ခေါင်းငြိမ့်ပြလိုက်တော့ Jakeတယောက် အပြုံးလေးနှင့်ပဲ ပြန်တုံ့ပြန်လာပါသည်။

ဤသို့ဖြင့် ထိုထက်ပို၍ မည်သည့်စကားမှမပြောဖြစ်ခဲ့ကြသောJakeတို့ကားလေးသည် ရည်ရွယ်ရာဆီသို့ရောက်သွားလေတော့သည်။ သစ်ပင်ပန်းမာန်များနှင့်ခြံဝင်းကျယ်ကြီးထဲဝင်၍  ခံ့ညားထည်ဝါလှသောအိမ်ကြီးရှေ့၌ ထိုးရပ်သွားသောကားလေး။

Me & You(Fanfic)Where stories live. Discover now