Episode-13

754 99 41
                                    

(Unicode)

2010ခုနှစ်...

"အဲ့တော့ မင်းကငါ့အိမ်ကိုဘာလာလုပ်တာလဲ။ တကယ်ကြီးငါ့အဖေကိုလာဖွင့်ပြောတာလား"

"မင်းအဖေကိုဖွင့်ပြောတာဖြစ်မလားကွ။ ငါလာပြီးဖွင့်ပြောတာမင်းကို...အဲ..."

ရည်ရွယ်ထားသည့်ကိစ္စအား မရည်ရွယ်ပါပဲ​ပြောလိုက်မိပြီးမှ အနေရခက်စွာငြိမ်နေမိသောHeeseungနှင့် အတွေးများစွာဝင်ရောက်လာ၍ ငြိမ်သက်သွားသောJungwon။

တကယ်တော့ Heeseungအိမ်တွင်ဖြစ်ပျက်ခဲ့သည့်ကိစ္စပြီးနောက် Jungwonစိတ်ငြိမ်သွားချိန်တွင် အတွေးတို့များစွာတွေးခဲ့ပါသည်။ အထူးသဖြင့် သူ့စိတ်အားသူသုံးသပ်ခဲ့သည်။

စစချင်းပိုင်းတွင်ပူထူကာဘာမှစဥ်းစားမရသော်လည်း စိတ်လေးအေးသွားချိန်တွင်တော့ Jungwonသူ့စိတ်သူသိနိုင်ပြီဖြစ်သည်။ Heeseung၏လုပ်ရက်အားသူရှက်မိသော်ငြား လက်မခံနိုင်တော့မဖြစ်ခဲ့။ ထိုသို့ဆိုလျှင် Heeseungနေရာတွင် တခြားသူတဦးဆိုလျှင်ရော်။ အတွေးနှင့်တင်သူလက်မခံနိုင်။ Lee Heeseungဆိုသော်သူဖြစ်နေ၍သာ။

Heeseungသည် သူနှင့်ယှဥ်လျှင် အရာရာတွင်ဆန့်ကျင်ဘက်။ စတွေသည့်နေ့၊ စတွေ့သည့်အချိန်ကတည်းက သူနှင့်အဆင်ပြေခဲ့သည်မဟုတ်။ ယခုလည်းအဆင်ပြေသလားဆိုမပြေပါ။ တွေ့တိုင်းရန်ဖြစ်နေရသည်။

သို့သော် ထိုအချိန်လေးများတွင် ပျော်ရွှင်မှုကိုသူခံစားရသည်။ အရာရာမွန်းကြပ်နေသောသူ့ဘဝတွင် Heeseungနှင့်ရှိသည့်အချိန်လေးတွေသည်သာ သူ့၏လွတ်မြောက်ရာအချိန်တို့ဖြစ်ခဲ့သည်။

ထိုသို့ဆိုလျှင် သူHeeseungအားချစ်သည်လား???
ဤအဖြေကိုတော့သူတကယ်မသိပါ။ သို့သော် များမကြာမီတွင်တော့ သိလာမည်ထင်ပါသည်။

အတွေးတို့အားအဆုံးသက်ပြီးနောက် Jungwonသက်ပြင်းရှည်တခု အသာချလိုက်တော့သည်။ အတွေးတို့တွေးလိုက်ရ၍မောသွားခြင်းသာ။ ဤသည်အား Heeseungတယောက် မည်သို့နားလည်လိုက်သည်မသိ၊ သူ့အားအလန့်တကြားမော့ကြည့်လာတော့သည်။

"ဘာ...ဘာလဲ...ငါ့ကိုအိမ်ထဲကနေနှင်ထုတ်မလို့လား။ မင်းအနားမလာနဲ့ပြောမလို့လား။ မရဘူးနော်ဟေ့ကောင်...မရဘူးဆိုမရဘူးပဲ"

Me & You(Fanfic)Where stories live. Discover now