Episode-14

745 99 61
                                    

(Unicode)

2010ခုနှစ်...

"မောနင်းJungwon"

Jungwonတယောက် အိမ်ရှေ့တွင်ခန့်ညားစွာရပ်နေသောHeeseungအားကြည့်၍ တိုက်လက်စသွားတိုက်တံလေးတောင်တန့်သွားရသည်။ ကံကောင်း၍သွားတိုက်ဆေးတွေမြိုမချမိလိုက်။

"မင်း...ဘာလာလုပ်တာလဲ"

သွားတိုက်တံလေးကိုက်လျက်နှင့်ပဲ Jungwonကြောင်အစွာမေးလိုက်မိသည်။

ဒီလောရှည်နာရီပဲမှားကြည့်လာသလား...

"ဒီနေ့ မင်းနဲ့ငါအပြင်သွားဖို့ချိန်းထားတယ်လေ။ အဲ့ဒါကြောင့် မင်းကိုလာခေါ်တာ"

"ချိန်းထားတာတော့ဟုတ်ပင်မဲ့ ငါတို့တွေ့မယ်ပြောထားတာ နေ့လည်၁၂နာရီလေ။ အခုမှမနက်၈နာရီပဲရှိသေးတာလေကွာ။ မင်းအချိန်မှားကြည့်လာတာလား။ မင်းတို့အိမ်ကနာရီကပျက်နေတာလား"

"မင်းကလည်း ၈နာရီဆို၁၂နာရီရောက်ဖို့သိပ်မလိုတော့ပါဘူး"

အပြုံးကြီးနှင့်ပြောလာသောHeeseungအားကြည့်၍ Jungwonခေါင်းတခါခါနှင့်ပဲ တံခါးအားဆောင့်ပိတ်လိုက်တော့သည်။ အိမ်ရှေ့မှHeeseungခမျမျက်နှာငယ်လေးနှင့်။

ငါဘာများအမှားလုပ်မိလို့ပါလိမ့်...

*************************

ဤသို့နှင့်ပဲ နေ့လည်၁၂နာရီတွင်ချိန်းထားသောdateသည် Heeseung၏လုံ့လဝီရိယရှိမှုကြောင့် မနက်၉သို့ပြောင်းလဲသွားရတော့သည်။ နှစ်​ယောက်လုံးမနက်စာမစားရသေးလေတော့ အရင်ဦးတည်လိုက်သည်က စားသောက်ဆိုင်သို့။

Jungwonညွှန်ခဲ့သောဆိုင်လေးသည် အပြင်ဆင်သပ်သပ်ရက်ရက်နှင့် အပင်လေးအောက်တွင်ဆိုင်လေးဖွင့်ထားသောကြောင့် အေးအေးချမ်းချမ်းလည်းရှိလှသည်။

ဆိုင်ထဲသို့ဝင်လိုက်လိုက်ချင်း စားပွဲတွင်ဝှီးခနဲ့ဝင်ထိုင်လိုက်သောJungwon။ ခုံဆွဲယူပေးရန်ပြင်နေသောHeeseungလက်တို့က လေထဲတွင်တန့်လို့။

ဒီအကောင်ပေါက်ဟာroကိုမroတတ်ဘူး။

Heeseungမကျေမနပ်တွေး၍ မျက်နှာချင်းဆိုင်တွင်စူပုတ်ပုတ်နှင့်ဝင်ထိုင်လိုက်သည်။ အရှေ့မှအကောင်ပေါက်ကတော့ စားစရာမှာရန်သာအာရုံထဲရနေဟန်နှင့်။ မှာပြီးလေတော့လည်းငြိမ်ငြိမ်စောင့်မနေ။ ဟိုဘက်လှည့်ကြည့်လိုက်၊ ဒီဘက်လှည့်ကြည့်လိုက်နှင့် သူ့မျက်စိထဲတွင် သူ့ရှေ့ရှိHeeseungမှလွဲလို့ တလောကလုံးစိတ်ဝင်စားဖို့ကောင်းနေသည့်ဟန်။

Me & You(Fanfic)Where stories live. Discover now