Episode-16

716 95 90
                                    

(Unicode)

2010ခုနှစ်...

အေးအေးချမ်းချမ်းမနက်ခင်း...
လူသွားလူလာမရှိသလောက်နည်းသောလမ်းမ...
ကားထဲတွင်ကလူတယောက်...
ကားအပြင်တွင်ကလူနှစ်ယောက်...
သာမန်မြင်ကွင်း...သာမန်ဖြစ်ရပ်သာ...

"အဆင်ပြေရဲ့လားညီလေး။ ဆေးခန်းသွားပြဦးမလား"

အနားရှိလူ၏အမေးကြောင့် Jungwonအကြည့်တို့ပြန်လွှဲမိတော့သည်။ ကားထဲရှိမမြင်ရသည့်လူအား သူစိုက်ကြည့်မနေသင့်ဘူးမဟုတ်လား။

"ရပါတယ်ဗျ၊ မပြတော့ပါဘူး။ ကျွန်တော်အဆင်ပြေပါတယ်။ ဒါဆိုကျွန်တော့်ကိုသွားခွင့်ပြုပါဦး"

Jungwonအလျင်မြန်ပြော၍ ထရပ်ကာထွက်လာမိတော့သည်။ သို့သော် သူထွက်မလာခင်ကားရှိရာသို့ တခေါက်လှမ်းကြည့်မိပါသေးသည်၊ တိတိကျကျဆိုလျှင် မမြင်ရသောသူရှိရာဆီသို့။ လူဆိုသည်မှာလည်း မမြင်ရလေပို၍စိတ်ဝင်စားလေဖြစ်တတ်သည်လေ။

သို့သော်ခဏတာသာ၊ Jungwonချက်ချင်းအကြည့်လွှဲ၍ ထွက်ခဲ့လိုက်တော့သည်။ ဒီလိုနှင့်ပဲသူကျောင်းနောက်ကျတော့မည်လေ။ မထူးလည်းထိုလူများနှင့်ပြန်တွေ့စရာအကြောင်းမှမရှိတော့ပဲ၊ သူဂရုစိုက်စရာမလိုဘူးမဟုတ်လား။

ဤသည်မှာ Jungwonအတွေးတို့သာဖြစ်ပေတော့သည်။ ကိစ္စတိုင်းသည်တွေးသလိုဖြစ်မလာသည့်အခါမျိုးလည်း ရှိတတ်သည်မဟုတ်လား။

***********************

ကျောပိုးအိတ်လေးလွယ်၍ တရွေ့ရွေ့ထွက်သွားသောကောင်လေး အဆင်ပြေသည်ဆိုသည်အားသေချာအောင်ကြည့်ပြီးမှ Jaeyunကားထဲပြန်ဝင်ခဲ့တော့သည်။ သူသည်လည်းလေဆိပ်သွားရန်နောက်ကျနေ၍ အလောတကြီးမောင်းခဲ့မိရာ ရလဒ်ကားယခုလိုဖြစ်သွားခဲ့သည်လေ။ မည်သူမှမထိခိုက်မိသည်မှာတကယ်တော်သေးသည်။

"အဲ့ကောင်လေးကဘယ်သူလဲ"

ကားထဲဝင်ဝင်ချင်း အနောက်ခန်းမှJay၏အမေးကြောင့် Jaeyunလှည့်ကြည့်မိသည်။

"ငါလည်းမသိဘူးလေ"

"သူ့အကြောင်းစုံစမ်းထားပေး။ ငါCanadaကပြန်ရောက်ရင် သူ့အကြောင်းအရန်သင့်လိုချင်တယ်"

Me & You(Fanfic)Where stories live. Discover now