Episode-3

1K 143 118
                                    

(Unicode)

2010ခုနှစ်...

"ဒါကသားတက်ရမဲ့အခန်းပဲ။ အတန်းဖော်အားလုံးကသဘောကောင်းပါတယ်။ ဘာမှစိတ်ပူစရာမလိုဘူးသိလား။ တခုခုလိုအပ်တာရှိရင်လည်းဆရာ့ကိုပြောနော်...ဘာမှအားမနာနဲ့"

သူ့နောက်​ကြောင်းအားသိထား၍ မျက်နှာကြီးပြုံးဖြီးကာ ဟန်လုပ်ဖော်ရွေနေသောဆရာအား Heeseungအသာသာပြန်ပြုံးပြလိုက်ပါသည်။ ဒီလိုလူများအားတွေ့ဖူးနေကျဖြစ်၍ သူ့အတွက်ထူးဆန်းမနေတော့။ သူနေနေရသည်ကိုက ထိုကဲ့သို့လောကကြီးပဲမဟုတ်လား။

ဆရာနောက်မှတိတ်တဆိတ်လိုက်လာရင်း နောက်ဆုံးတွင်တော့အခန်းရှိရာရောက်သွားပြီဖြစ်သည်။ ယုံကြည်ချက်အပြည့်နှင့်ပင် အခန်းထဲလှမ်းဝင်လိုက်လေတော့ တခန်းလုံးကျွတ်စီကျွက်စီဖြစ်သွားရသည်။

ယခုမှကျောင်း​ပြောင်းလာသည့် ခပ်ချောချောကျောင်းသားအား မည်သူကစိတ်မဝင်စားပဲနေမည်တဲ့လဲ။

"ကဲ...အားလုံးတိတ်မယ်။ သူကဒီနေ့မှဆရာတို့ကျောင်းကိုပြောင်းလာတဲ့ကျောင်းသားသစ် Lee Heeseung။ သူငယ်ချင်းကိုအစစအရာရာကူညီပေးလိုက်ကြနော်"

"ဟုတ်"

တခန်းလုံး၏အသံကတညီတည်းတညာတည်း။

"သားလွတ်သွားတဲ့စာတွေကို အတန်းခေါင်းဆောင်ဆီကပြန်ကူးလိုက်နော်။ အတန်းခေါင်ဆောင် သူကိုကူညီပေးလိုက်ပါဦး"

ဆရာပြောစကားကြောင့် Heeseungဆရာလှမ်းကြည့်နေသည့် အတန်းခေါင်းဆောင်ရှိရာဆီလှမ်းကြည့်လိုက်လေတော့...

Wtf...ဟိုအကောင်ပေါက်...

အတန်းနောက်ဆုံးတွင် ဘာမှမဖြစ်ခဲ့သည့်မျက်နှာနှင့် ခပ်တည်တည်ရပ်နေသောကောင်လေး။ မနက်ကတင်သူ့အားကိုင်ပေါက်သွားတာ သူမဟုတ်သည့်အလားပင်။ အကောင်ပေါက်အားမြင်လိုက်လေတော့ ကျောတောင်ပြန်အောင့်လာသလိုလို...

"သူကဒီအတန်းခေါင်းဆောင်Yang Jungwonတဲ့။ သားလိုအပ်တာရှိရင်သူ့ပြောနော်။ သွား...သူ့ဘေးကလွတ်နေတဲ့ခုံမှာဝင်ထိုင်လိုက်"

ဆရာမှစေတနာများပိုကာပြောလာလေတော့ Heeseungငြင်း၍မရတော့ပေ။ အသာမချိပြုံးလေးပြုံးပြကာ အကောင်ပေါက်ရှိရာလှမ်းလာရတော့သည်။

Me & You(Fanfic)Where stories live. Discover now