Episode-12

764 105 82
                                    

(Unicode)

2010ခုနှစ်...

ဟူးးးးးးးး

သက်ပြင်းရှည်ကြီးမှုတ်ထုတ်ကာ ခေါင်းကိုသာစုံလိုက် တဗြင်းဗြင်းကုပ်မိသောHeeseung။ လမ်းဘေးတွင်အတန်ကြာထိုင်လိုက်၊ ထလိုက်၊ ​ရှေ့လျှောက်လိုက်၊ နောက်ပြန်ဆုတ်လိုက် လုပ်နေမိသည်မှာနာရီနှင့်တောင်ချီနေပြီထင်။ လမ်းသွားလမ်းလာတွေကလည်း ကွက်ကြည့်ကွက်ကြည့်လုပ်ကုန်ကြပြီ၊ ဒီရုပ်ဒီရည်နှင့်သူခိုးလို့ထင်နေတာတော့မဟုတ်လောက်ပါဘူး။

လုပ်မိလုပ်ရာလုပ်လိုက်မိပြီးနောက် ဒီတခါတော့Jungwonအိမ်လိုက်လာရသူမှာ Heeseungပင်ဖြစ်တော့သည်။ သူတို့နှစ်ယောက်လည်း ပြေးတန်းလိုက်တန်းကစားနေသည်ကျနေတာပဲ၊ ဟုတ်တော့မဟုတ်သေးပါဘူး။

Jungwon၏အိမ်အားသူမသိသည်မဟုတ်၊ သိသည်မှမျက်စိရှေ့တည့်တည့်တွင်တောင် ရောက်နေပြီဖြစ်သည်။ သို့သော်ငြား အစောင့်ရှောက်တွေချထားပြီး ကာရံထားသည်မဟုတ်တောင် ထိုအိမ်နားမသွားနိုင်ဖြစ်ရပြန်သည်။

သို့သော် ဒီတိုင်းနေ၍မဖြစ်။ သူတို့နှစ်ယောက်အဖြစ်က ထိပ်တိုက်မှမတွေ့လျှင် ဒီတသက်ပြီးမှာမဟုတ်။ ထို့အပြင် သူပို၍သေချာသည်က သူYang Jungwonအားဒီအတိုင်းအဆုံးရှုံးမခံနိုင်ပါ။ သူရှေ့တိုးမှဖြစ်မည်။

ထို့နောက် Heeseungအားတင်းကာမြင်နေရသော အိမ်လေးဆီသို့လျှောက်လှမ်းသွားလိုက်သည်။ တံခါးအားခေါက်ပြီးနောက် သူ့ရင်ခုန်သံတွေဝုန်းဒိုင်းကြဲနေပြီဖြစ်သည်။ လာသာလာခဲ့ရသည်ဘာပြောရမည်ကမသိသေး။

ထိုစဥ် အထဲမှလှုပ်ရှားသံတချို့ကြားလိုက်ရ၍ Jungwonတံခါးလာဖွင့်ကြောင်း Heeseungအလိုလိုသဘောပေါက်လိုက်သည်။ အသံတွေတံခါးနားရောက်လေ သူရင်ခုန်နှုန်းတွေပို၍မြန်လေဖြစ်နေတော့သည်။

မကြာလိုက် အသာပွင့်ဟလာသောတံခါး။ ချွေးတို့ပြန်ကာရင်ခုန်သံတွေထိန်းမရဖြစ်ပြီးနောက် Heeseungလက်သီးတင်းတင်းဆုတ်ကာ ကိုယ်ကိုကိုင်း၍မျက်စိစုံမှိတ်လျက် တခွန်းတည်းပဲပြောချလိုက်တော့သည်။

"ငါမင်းကိုချစ်တယ်။ ငါနဲ့တွဲပေးပါ"

ရင်ဘက်ထဲရှိခုန်ပေါက်နေသောအကောင်ကြောင့် Heeseungဖြစ်ချင်ရာဖြစ် ဖွင့်ပြောလိုက်သည်။ သူဖွင့်ပြောလိုက်ကာမှ ပို၍တောင်ခုန်ပေါက်လာသလိုလို။ နဲနဲလောက်ငြိမ်ငြိမ်နေပါဟငါ့ကောင်ရ။

Me & You(Fanfic)Where stories live. Discover now