Episode-4

968 134 82
                                    

(Unicode)

2010ခုနှစ်...

"Yang Jungwon"

နေ့လည့်ခင်းခေါင်းလောင်းတီးသည်နှင့် ချက်ချင်းလှည့်ကြည့်ကာ ပြုံးပြလာသောLee Heeseung။ ခုံမှထဟန်ပြင်နေသော Yang Jungwonလည်းလှည့်ကြည့်လိုက်မိသည်။

"ငါကဒီနေ့မှဒီကျောင်းကိုရောက်တာဆိုတော့ ဘယ်မှာဘာရှိတယ်မသိသေးဘူး။ မင်းငါ့ကိုလိုက်ပြလို့ရမလား"

အပြုံးနှင့်ပဲတောက်ပစွာပြောလာသောHeeseungသည် မြင်သူတကာပစ်ကြွေချင်စရာအတိ။

"အင်း...ရပါတယ်"

Jungwonအလွယ်တကူပဲသဘောတူလိုက်ပါသည်။ ကျောင်းသားကောင်စီခေါင်းဆောင်ဖြစ်သည့်အပြင် အတန်းခေါင်းဆောင်လည်းဖြစ်နေလေတော့ ကျောင်းသားသစ်အားဂရုစိုက်ရန် သူ့တွင်တာဝန်ရှိနေသည်မဟုတ်လား။

"အဲ့တော့ဘယ်အရင်သွားချင်လဲ"

"ကျောင်းကန်တင်း"

Jungwon Heeseungအားလှည့်ကြည့်လိုက်သော်ငြား ဘာမှတော့ပြန်မပြောခဲ့။ သွားချင်သူကသွားချင်သည်ဆိုတော့လည်း လိုက်ပို့ရမည်မဟုတ်လား။

Jungwonရှေ့မှဦးဆောင်၍ Heeseungအားခေါ်သွားပေးလိုက်ပါသည်။ စားပွဲများတွင်အသီးသီးနေ့လည်စာထိုင်စားသူများကစားနေသည်။ မတ်တပ်ရပ်လျက်နေ့လည်စာတန်းစီနေသူများကတန်းစီနေသည်။ တက်ကြွသောကျောင်းသူကျောင်းသားများနှင့် ကျယ်ဝန်းသောကျောင်းကန်တင်းကြီးသည် အသက်ဝင်လျက်ရှိနေတော့သည်။

ထိုစဥ် Heeseungမျက်လုံးအားဖမ်းစားလိုက်သည်က ကျောင်းသူကျောင်းသားများအများအပြားတိုးအုံနေသောတစ်နေရာ။

"အဲ့ဒါဘာလို့အုံနေကြတာလဲ"

Heeseungညွှန်ပြရာအား Jungwonလှမ်းကြည့်လိုက်တော့သည်။

"အာ...အဲ့ဒါတနေ့ကို ပေါင်မုန့်အခု၅၀ပဲရောင်းတဲ့ဆိုင်လေ။ အရသာလည်းတော်တော်ကောင်းတော့ ကျောင်းသားတွေအလုယက်ဝယ်ကြတာ"

"ငါလည်းစားချင်တယ်"

"စားချင်ရင်သွားဝယ်လေ"

Heeseungစကားအား Jungwonအေးဆေးပင်ပြန်ဖြေပေးလိုက်သည်။ ဟုတ်သည်လေ...သူစားချင်သည်ပဲသူ့ပါသူသွားဝယ်ပေါ့။

Me & You(Fanfic)Where stories live. Discover now