Episode-1

2.6K 178 119
                                    

(Unicode)

အထက်တန်းကျောင်းသားဟောင်းများတွေ့ဆုံပွဲ။

ဖွင့်ထားသောသီချင်းသံက မြူးကြွစွာပျံ့လွှင့်နေသည်။

ဝါကျင်ကျင်မီးရောင်တို့ကလည်း ရီဝေဝေအခြေနေတို့အား ပံ့ပိုးနေတော့သည်။

ဘီယာ၊ ဆိုဂျူပုလင်းများလည်းအများအပြားရှိနေပြီး အားလုံးရေချိန်တော့ကိုက်နေပြီဖြစ်သည်။ ထိုအထဲတွင်သူလည်းအပါအဝင်။

"Yaa...Lee Heeseung"

ဘေးခုံရှိသူငယ်ချင်းမှ ပခုံးပုတ်၍ခေါ်လိုက်တော့ ဖန်ခွက်ထဲမှလက်ကျန်အားမော့ရင်း Heeseungလှည့်ကြည့်လိုက်မိသည်။

"ဘာလဲ"

အနီရောင်ဆံပင်တို့ သပ်ရပ်စွာလှန်တင်ထားသောသူသည် ထူထဲသောမျက်ခုံးတို့အားတွန့်ချိုးလျက် မေးလိုက်မိတော့သည်။ ခပ်ပါးပါးနှုတ်ခမ်းတစုံသည်လ​ည်းတင်းတင်းစေ့လျက်။

"ဒီနေ့ပွဲJungwonလာမှာတဲ့လား"

"ငါလည်းဘယ်သိမလဲ"

"ဟ...မင်းနဲ့သူကတွဲနေတာလေ။ မင်းမသိလို့ဘယ်သူသိမှာလဲ"

"အဲ့ဒါလွန်ခဲ့တဲ့(၁၀)နှစ်ကဟငမူးရ။ သူအမေရိကထွက်သွားပြီးနောက်ပိုင်း ငါတို့အဆက်သွယ်ပြတ်သွားတာလေကွာ"

"ငါကမင်းတို့အဆက်သွယ်ရှိဦးမယ်မှတ်နေတာ"

"No...No...No"

သူငယ်ချင်းအားဖြေပြီးနောက် နောက်တခွက်ထပ်မော့လိုက်မိပြန်သည်။ မေ့မရသော်ငြားမေ့ထားပါသည်ဆို လာအစဖော်သူရှိသွားလေတော့ ပြန်လည်သတိရလာပြန်သည်။

ဒီအတောတွင်းလုံးဝပေါ်မလာခဲ့သောသူ ဒီနေ့ပေါ်လာမည်လား???

စိတ်ရှုပ်စွာပင် လှန်တင်ထားသောဆံပင်များအား ထိုးဖွလိုက်မိတော့ အနီရောင်ဆံပင်တို့က နဖူးပြေပြေပေါ်သို့ ဆွဲဆောင်မှုရှိစွာဝဲကျလာတော့သည်။ Lee Heeseungဆိုသောသူသည် ကျောင်းသားဘဝကတည်းက အစဥ်အမြဲအများအာရုံစိုက်ခံရသည့် ခပ်ချောချောသူဌေးသားလေးမဟုတ်ပေဘူးလား။

ချလွင်...ချလွင်...

ဆိုင်တံခါးအားတွန်းဖွင့်လိုက်သောကြောင့် ထွက်ပေါ်လာသောခေါင်းလောင်းသံလေး။ ဒီအချိန်ဒီကိုလာသည်ဆိုကတည်းက ကျောင်းသားဟောင်းများထဲမှပဲဖြစ်လိမ့်မည်။

Me & You(Fanfic)Tahanan ng mga kuwento. Tumuklas ngayon