Arc 4🗡115🗡ရှန်းလင်တည်းခိုခန်း

156 13 0
                                    

Chapter (115) Arc 4
ရှန်းလင်တည်းခိုခန်း

လုရွှမ်က ပြုံးပြီး ယဉ်ယဉ်ကျေးကျေး စကားတချို့ပြောပြီးနောက် ထျန်းလုံကျောင်းတော်ကို ရွေးချယ်ခဲ့သည်။

ဂိုဏ်းဂဏများ၊ မင်းမျိုးမင်းနွယ်များ၊ ဂိုဏ်းချုပ်များနှင့် တခြားကျောင်းတော်များ အားလုံးသည် နောင်တရစွာဖြင် သွေးအန်ချင်စိတ်ကို ထိန်းကာ စိတ်ဓာတ်ကျနေခဲ့သည်။

ထျန်းလုံကျောင်းတော်မှ အဘွားကြီးသည် လုရွှမ်အား တချို့အရာများကို ရှင်းပြကာ ဝမ်းသာအားရ ထွက်ခွာသွားကာ ကျိုးကျိုးအား သူမ၏ မျက်လုံးများထဲတွင် လေးလေးနက်နက် ရွှင်လန်းစွာဖြင့် ကြည့်သွားခဲ့နေသည်။

ယန်ရှီးမှာ စိတ်ဆိုးသွားသော်လည်း သူမ ထုတ်ဖော်မပြဝံ့ပေ။

"ကျိုးကျိုး ဒီအရူးမတော့.... ဒီကောင်ရောက်လာပြီးရင် ငါတို့မှာ ဘယ်လိုလုပ် အခွင့်အလမ်းတွေ ရှိတော့မှာလဲ?"

သူမသည် ထိုမျှမနာလို ဖြစ်ခဲ့သော်လည်း လုရွှမ်ရဲ့ လက်ရှိအခြေအနေကို တွေ့ပြီးနောက် သူမ လုရွှမ်ကို လုံးဝ လိုက်မမီနိုင်ကြောင်း ခံစားခဲ့ရသည်။ သူမဟာ မိန်းကဘေး တစ်ယောက်ဖြစ်ပြီး လုရွှမ်က ယောက်ျားတစ်ယောက် ဖြစ်တယ်ဆိုတဲ့ အချက်နဲ့ပဲ သူမကိုယ်သူမ နှစ်သိမ့်ခဲ့ပါသည်။

ယောက်ျားတွေက ကမ္ဘာကြီးကို အောင်နိုင်သလို မိန်းမတွေက ယောက်ျားတွေကို အနိုင်ယူကြတယ်။ နှစ်ဖက်စလုံးကို ကမ္ဘာကြီးကိုလည်း အောင်နိုင်တယ်။ 

သို့သော် လုရွှမ်သည် သူမအား ကျောင်းတော်ရှိ ကြင်နာသော ပန်းခူးသူများကဲ့သို့ မျက်လုံးတွေနဲ့ မကြည့်လာပေ။ ထိုအချက်က သူမကို အနည်းငယ် စိတ်ပျက်သွားစေသည်။

လုရွှမ် ထိုကလေးမလေးနှင့် အလွန် နီးကပ်နေသောကြောင့် သူမသည် ပထမဆုံးအကြိမ် မိမိမှာ ကလေးမလေးလောက် မ​တော်ကြောင်း ခံစားလာရပြီး သူမ၏ နှလုံးသားသည်လည်း နာကျင်လာခဲ့သည်။

ထျန်းလုံကျောင်းတော်မှ လူတိုင်း ထွက်သွားကြသော် လုရွှမ် ခန်းမထဲတွင် ကျန်ရှိနေသော လူများကို ကြည့်လိုက်သည်။ ဤလူများမှာ အစမှ ယနေ့အထိ သူနှင့် အတူရှိခဲ့သော သူ၏ အပေါင်းအဖော်များ ဖြစ်​ပေသည်။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now