Arc 3🗡202🗡 ကျောင်းအုပ်ကြီးကိုကန်ကျောက်ခြင်း

218 24 0
                                    

Chapter (202) Arc 3
ကျောင်းအုပ်ကြီးကို ကန်ကျောက်ခြင်း

အအေးနှင့်အပူ၏ ဆန့်ကျင်ဘက် ဖြစ်သော ယင်းယန်ရေကန်သည် ဤနေရာ၌ ရှိနေသရွေ့ သူတို့အဖွဲ့၏ ကျင့်ကြံမှုအဆင့်များ သိသိသာသာ တိုးမလာမီ အချိန်တစ်ခုသာ လိုအပ်သည်။

"ရှင်နဲ့ယှဉ်ရင် ဘာမှမဟုတ်ပါဘူး!"

မင်းသမီးလော့ရုံက ဆိုလိုက်သည်။

အဓိပတိနယ်ပယ် အထွတ်အထိပ် အောင်မြင်မှုကနေ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်အထိ တိုးလာတာဟာ ကြီးကျယ်တဲ့ တိုးတက်မှုလို့ ယူဆနိုင်ပေမယ့် သူမရှေ့က ဒီလူနဲ့ ယှဉ်ရင် ကွာခြားလွန်းလှသည်။

သူများတွေ ဖြတ်ကျော်ဖို့ နည်းလမ်း မရှိရင် သေတဲ့အထိ ထိုးဖောက်ဖို့ တခြားနည်းလမ်း မရှိလောက်ချေ။ ဒီကောင်လေး အတွက်ကတော့ ထမင်းစားရေသောက်ပင်။

အဓိပတိနယ်ပယ်နှင့် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်တစ်ခုစီကြား အဆင့်မြှင့်ရန် ပိုမိုခက်ခဲပါသည်။ ကံကောင်းစွာပင် သူသည် သုံးရက်အတွင်း အဓိက အဆင့်နှစ်ခုကို ကျော်ဖြတ်နိုင်ခဲ့သည်။

တစ်ဖက်လူ၏ အနည်းငယ် မကျေနပ်သည့် စကားကို ကြားတဲ့အခါ လုရွှမ် ခပ်ဖွဖွ ပြုံးလိုက်သည်။

သူ့အရင်ဘဝက ကျင့်​ကြံမှု အတွေ့အကြုံသာ မရှိခဲ့ရင် ဘယ်လောက်ပဲ အရည်အချင်း ရှိပါစေ မြန်မြန်ဆန်ဆန် ဖြတ်ကျော်နိုင်မှာ မဟုတ်ချေ။

"အပြင်ထွက်ရအောင်!"

ပေါ့ပေါ့ပါးပါး ပြောပြီး ခြေကိုမြှောက်ကာ ယင်ယန်ရေကန် အပြင်ဘက်သို့ လျှောက်သွားလိုက်သည်။

ဆက်နေရင်လည်း အသုံးမဝင်တဲ့ အတွက် ဒီမှာဆက်နေတာက အချိန်ဖြုန်းခြင်းသာ ဖြစ်သွားမည် မဟုတ်ပါလား။ ဒါကြောင့် အမြန်ဆုံး အပြင်ထွက်တာ ပိုကောင်းပါ၏။

"မျက်​နှာမည်းမှန်း သိသာချက်! လုံးဝစိတ်​မဝင်​စားဘူး!"

စကားတစ်ခွန်းမှ ဆက်မပြောဘဲ ထွက်သွားတာကို မြင်တော့ မင်းသမီးလော့ရုံ သူ့ခြေထောက်တွေကို စောင့်၍ အေးစက်စွာ ဆိုလိုက်သည်။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now