Arc 4🗡108🗡လူသတ်ဓားရဲ့အစွမ်း

99 13 0
                                    

Chapter (108) Arc 4
လူသတ်ဓားရဲ့အစွမ်း

"သခင်လေး?"

လုရွှမ် နားမလည်စွာဖြင့် ထိုမိစ္ဆာမဆီသို့ လှမ်းကြည့်လိုက်သည်။ သို့သော် မိစ္ဆာမက သူ့မျက်နှာကို ကြည့်ပြီး ရွှင်မြူးစွာ အော်ပြောလာခဲ့သည်။

"ဒီလက်အောက်ငယ်သားက လေမိုးကြိုးဂိုဏ်းက ယွမ့်လင်ပါ... သခင်လေးကို ဂါရဝပြုပါတယ် သခင်လေး လုံခြုံအေးချမ်းပါစေလို့ ဂါဝရပြု ဆုတောင်းပါတယ်!"

လုရွှမ် အံ့အားသင့်သွားလေသည်။ လတ်စသတ်တော့ ဒီမိစ္ဆာမက လေမိုးကြိုးဂိုဏ်းက ဖြစ်နေတာပဲ။ ဆိုတော့ လေမိုးကြိုးဂိုဏ်းက အခုထိ အသက်ရှင်နေသေးတာလား။

"ဟားဟား.... အဲဒါက လေမိုးကြိုးဂိုဏ်းရဲ့ အကြွင်းအကျန်လေး သာသာပါပဲ.... ဟမ့် ဘာပဲဖြစ်ဖြစ် ဒီနေ့တော့ ငါ မင်းတို့အားလုံးကို သတ်ပစ်မယ်!!"

တုံးဖန်းပိုင်က အော်ဟစ်လိုက်လေသည်။

လုရွှမ်သည် အစောက သူ၏ ပြင်းထန်သော ဓားကို တားဆီးထားနိုင်သော်လည်း လုရွှမ်ရဲ့ တုံ့ဆိုင်းသွားမှုကိုလည်း သူမြင်ခဲ့ရသည်။ အမှန်တော့ သူက သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်လေးပဲ ရှိတာကြောင့် ဒီလို အစွမ်းသတ္တိက သူ့မျက်လုံးထဲမှာ ဘောင်မဝင်ချေ။

ယွမ့်လင်ကတော့ လုရွှမ်ဘက်သို့ ပျံသန်းသွားပြီး ယွိလင်းလုံကို လုရွှမ်ထံ လေးစားစွာ ပေးအပ်လိုက်သည်။

"သခင်လေး... ဒီယွိလင်းလုံကို လက်ခံ​ပေးပါ"

ယခင်က သူမသည် ယွိလင်းလုံအတွက် တိုက်ပွဲဝင်ခဲ့ဖူးသော်လည်း ယခု ထိုအရာအား လေးစားစွာ ပေးအပ်လာရာ လုရွှမ်သည် သူ့တုံ့ပြန်မှု မပြုနိုင်လောက်အောင် အခြေအနေက ပြောင်းလဲနေပြီဟု ခံစားလိုက်ရသည်။

ခဏလောက် စဉ်းစားပြီးနောက် လုရွှမ် ယွိလင်းလုံကို ယွမ့်လင်ထံ ပြန်တွန်းပို့လိုက်သည်။

"ငါက မင်းရဲ့သခင်​လေး မဟုတ်ဘူး.... မင်းငါ့ကိုအရမ်း လေးစားနေစရာ မလိုဘူး... ပြီးတော့ ငါဒီ ယွိလင်းလုံကို မလိုချင်ဘူး မင်းအတွက်ပဲသိမ်းထားလိုက်"

လုရွှမ်လည်း ဒီလိုဈေးပေါတဲ့ ပစ္စည်းကို သိမ်းပိုက်ဖို့ ရည်ရွယ်ချက် နည်းနည်းလေးမှ မရှိခဲ့ဘူး။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now