Arc 4🗡88🗡မြို့သခင်ရဲ့သရုပ်ဆောင်မှု

121 13 0
                                    

Chapter (88) Arc 4
မြို့သခင်ရဲ့သရုပ်ဆောင်မှု

"မြို့သခင်ကို အစီရင်ခံပါတယ်... အဲဒီကောင်လေးက တော်ဝင်အင်ပါယာက လာတာ... သူ့မှာ ဆရာတောင် မရှိလောက်ဘူး ရှိရင်တောင် ဖားဆရာပဲ ရှိလိမ့်မယ်"

ထက်မြက်သော ပါးစပ်နှင့် မျောက်ပါးပြင်လို ရှိသော အမျိုးသားတစ်ဦးသည် သူ့မျက်နှာပေါ်တွင် ခပ်ထေထေ အပြုံးဖြင့် မော့ကြည့်ကာ ကျယ်လောင်စွာ အော်လိုက်သည်။ သို့သော် ကျောင်းကျင့်၏ မျက်နှာသည် ရုတ်တရက် မည်းမှောင်သွားပြီး တစ်ဖက်လူရဲ့ မျက်နှာအနှံ့ ရိုက်ချပစ်လိုက်သည်။

"ဘာလို့ ဆရာ မရှိရမှာလဲ? ဆရာ မရှိရင် သူက သူ့ဘာသာ လေ့ကျင့်နေတာလား?.... ဆရာ့ကို လေးစားတဲ့အကြောင်း တစ်ခုမှ မသိဘူးလား? ထွက်သွား!"

ထိုလူမှာ ပါးပြင်များ ဖောင်းပွနေကာ မျက်လုံးများ ရောင်ရမ်းလာသော်လည်း ကျောင်းကျန့်သူ့ကို ဘာကြောင့်ရိုက်မှန်း နားမလည်ချေ။

သူက ရည်ရွယ်ချက်ကောင်းနဲ့ ဝင်ပြောတာကို ဘာလို့များ အရိုက်ခံလိုက်ရတာလဲ?

သို့သော် ဘာကြောင့်လဲဟု မမေးဝံ့သောကြောင့် လမ်းမှ အမြန်ထွက်လာခဲ့၏။ ထပ်ပြီး အရိုက်ခံရမှာ ကြောက်တာကြောင့် ဖြည်းဖြည်းချင်းတောင် လမ်းလျှောက်မသွားရဲပေ။

"လုရွှမ် ဟုတ်တယ်မလား? မင်းက မြို့ထောင်ချီမဟာမိတ် အရိပ်လူသတ်ခန်းမရဲ့ ခန်းမသခင်ဖြစ်နေတုန်းပဲ မင်းရဲ့ အဆင့်အတန်းက မနိမ့်ဘူးဆိုတာ သိပေမယ့် စည်းကမ်းတွေကို မင်းသိသင့်တယ်.... စည်းကမ်းတွေနဲ့ ပတ်သက်ပြီး မင်းအသိဆုံးပါပဲ...  ငါ့ကိုပြောစမ်း။ မင်းနဲ့ ငါ့တပ်မှူးကြားမှာ ဘာဖြစ်သွားတာလဲ?"

"ဟမ့်... မင်းကိုငါပြောမယ်.... ငါမြို့သခင်က အမျှတဆုံးပဲ ငါမြို့သခင်မှားရင် ဘယ်တော့မှ ဖုံးဖိထားမှာ မဟုတ်ဘူး.... ဒါပေမဲ့ မင်းမှားရင်တော့ ဟဲဟဲ မင်းရဲ့ဆရာက ဘယ်သူလဲဆိုတာ ငါဂရုမစိုက်ဘူး ကောင်းကောင်းကြီး ရိုက်ပေးလိုက်မယ် နားလည်လား?"

စကားပြီးသည်နှင့် သူတော်စင်တစ်ပိုင်းနှင့် ဆိုင်သော ဝိညာဥ်စွမ်းအင်များက သိသိသာသာ ပေါက်ထွက် လုနီးပါးဖြစ်လာပြီး လူအုပ်ထဲက လူအားလုံးက သူတို့ပါ ရောယောင်၍ ခံရမည်ကို စိုးရိမ် ကြောက်ရွံ့သွားကြသည်။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now