Arc 3🗡167🗡ရတနာမှန်သမျှငါ့လက်ထဲသိမ်းစေ (ဒုတိယပိုင်း)

216 25 0
                                    

Chapter (167) Arc 3
ရတနာမှန်သမျှငါ့လက်ထဲသိမ်းစေ (ဒုတိယပိုင်း)

အပြင်မှာ ရှန့်ခုန်း ရှေးဟောင်းမြို့အကြောင်း ဒဏ္ဍာရီတွေ ရှိသလို လုရွှမ်လည်း ထိုစာအုပ်တွေ ဖတ်ပြီး မြို့ထဲကို ဘယ်လိုဝင်ရမယ် ဆိုတာ အတိအကျ သိထားခဲ့သည်။

တစ်စုံတစ်ယောက် ဝင်လာပါက ဤနေရာရှိ ရတနာများမှာ အစောကတည်းက ရိတ်သိမ်းခံလိုက်ရမည်မှာ သေချာလေသည်။

"တခြားနေရာတွေတော့ ငါမသိဘူး... မြို့သခင်ရဲ့ ရတနာစံအိမ်ကို ဘယ်သူမှ မရောက်ဖူးဘူး မင်းက ပထမဆုံးပဲ ဆိုတာတော့ ငါအာမခံတယ်"

ကျီးကန်းက ယုံကြည်မှု အပြည့်နဲ့ ပြောလာလေသည်။

"ပထမဆုံး?" လုရွှမ် အံ့သြသွားသည်။

ရှန့်ခုန်းချိုင့်ဝှမ်းသည် နှစ်ပေါင်းများစွာ တည်ရှိနေခဲ့ပြီး မရေမတွက်နိုင်သော တန်ခိုးရှင်များ သည် အနှစ်တစ်ရာတိုင်း ဝင်ရောက် လာကြသည်။ ရှေးဟောင်းမြို့က မကြာခဏ မဖွင့်တတ်သော်လည်း ယနေ့အထိ လက်ဆင့်ကမ်း ခံခဲ့ကြရသည်။

အကြိမ်တစ်ရာတိုင်း မပွင့်လာရင်တောင် အကြိမ်ပေါင်း ဒါဇင်နဲ့ချီပြီး ဖွင့်တာမို့ အကြိမ်ပေါင်း မရေတွက်နိုင်အောင် များပြားလှတဲ့ သခင်တွေလည်း လာနိုင်၏။ ဘာကြောင့် ​မြို့သခင်ရဲ့ ရတနာစံအိမ်ထဲကို တစ်ခါမှ မဝင်ကြတာလဲ။

"မှန်တယ်!" ကျီးကန်းက ဂုဏ်ယူစွာနဲ့ ခေါင်းညိတ်ပြပြီး

"ဘာမှပြောမနေနဲ့... ရတနာစံအိမ် အပြင်ဘက်က ကြီးမားတဲ့ အခင်းအကျင်း ပုံစံကို သိလား"

"ဒါ...."

လုရွှမ်​က ခေါင်းခါလိုက်ပြီး "မသိဘူး!"

သက်တမ်း နှစ်ဘဝတာ ကာလအတွင်း လူသားတစ်ဦးအနေဖြင့် အခင်းအကျင်း၊ အဂ္ဂိရတ်ပညာ၊ သားရဲ ထိန်းကျောင်းခြင်း၊ ဆေးဝါးပညာ၊ လက်နက် သန့်စင်ခြင်း တို့တွင် အလုံးစုံနီးပါး စွမ်းဆောင်နိုင်သည်။

အဓိက ဂိုဏ်းခြောက်ဂိုဏ်း၏ စာကြည့်တိုက်ကို ဖောက်ဝင် ဖတ်ရှုခဲ့ခြင်းအပြင် လောက၌ သူပြုသော အရာများစွာ ရှိသော်လည်း အပြင်ဘက်က အခင်းအကျင်းကို သူသိပ်ပြီး နားမလည်ချေ။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now