Arc 4🗡101🗡နဂါးဝိညာဉ်မြက်

139 16 0
                                    

Chapter (101) Arc 4
နဂါးဝိညာဉ်မြက်

လုမင်က ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီး

"ကျွန်​တော့် ထင်မြင်ချက်က အရေးမကြီးပါဘူး.... အရေးကြီးတာက သူက ကျွန်တော်တို့ရဲ့ ကျောင်းတော်မှာ ပါဝင်ဖို့ ဆန္ဒရှိမရှိ ဆိုတာပဲ.... ပြီးတော့ အဲဒီလူကို ဆွဲဆောင်နိုင်မယ့် အရာ ကျွန်တော်တို့မှာ ဘာရှိလဲ ဆိုတာက အရေးကြီးဆုံးအချက်လို့ ကျွန်တော် ထင်တယ်... ဟုတ်တယ်မလား?"

ထိုအခါ ယန်ရှီးက

"မဟုတ်တာ... ကျွန်မတို့ကျောင်းက အဆင့်မြင့် ဧကရာဇ်အင်ပါယာမှာ ထိပ်တန်းကျောင်းတော် မဟုတ်ပေမယ့် ပြည်မကြီးမှာ နာမည်ကြီးတဲ့ ထိပ်တန်းကျောင်း တစ်ကျောင်းပဲ... အဆင့်မြင့် ဧကရာဇ်အင်ပါယာက ကျောင်းသားတချို့တောင် ကျွန်မတို့ကျောင်းမှာ လာလေ့ကျင့်ကြတယ်လေ... သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်က လူတစ်ယောက်က ဘာလို့ မလုပ်ချင်ရမှာလဲ?"

"မဟုတ်သေးဘူးလေ.... အစ်ကိုလုရွှမ်က အရမ်းအစွမ်းထက်တယ်။ သူက သူတော်စင်တစ်ပိုင်း အဆင့်၂က အကြီးအကဲကိုတောင် အနိုင်ယူနိုင်ခဲ့တာ...  သူ စာသင်ဖို့ ကျောင်းကို မဝင်ချင်တော့မှာကို ကြောက်ရတယ်.... ညီမက ကျောင်းက မကောင်းဘူးလို့ ပြောတာ မဟုတ်ပါဘူး... အစ်ကို လုရွှမ်က အဲဒီအတွေးမျိုး လုံးဝ မရှိခဲ့ပုံပဲလို့ ခန့်မှန်းမိလို့"

ကျိုးကျိုးက သတိကြီးကြီးထားပြီး ပြောနေ၏။ ပုံမှန် ဆရာတွေရှေ့မှာ စကားမပြောရဲပေမယ့် ယန်ရှီးရဲ့စကားကို ကြားတော့ သူမ ရုတ်တရက် မကျေမနပ်ဖြစ်လာရာ သတ္တိမွေးပြီး ထုတ်ပြောလာခဲ့သည်။

ယန်ရှီးက

"ငါတို့ကျောင်းရဲ့ အကာအကွယ်နဲ့ဆို ဘယ်သူက သူ့ကို အနိုင်ကျင့်ဝံ့မှာလဲ? သူက ထက်မြက်တဲ့သူဆိုရင် သူဘယ်လို ရွေးရမယ်ဆိုတာ သဘာဝကျကျ သိလိမ့်မယ်!!"

"ကောင်းပြီ!"

အဘွားကြီးသည် မိန်းကလေး နှစ်ယောက်၏ စကားကို အလျင်စလို ဝင်နှောင့်ယှက်လိုက်သည်။ ဒီမိန်းကလေး နှစ်ယောက် စကားများရန်ဖြစ်ကာ သူတို့၏ သည်းခြေဖြစ်စဉ် ပြင်းထန်လာမည်ကို စိုးရိမ်ရသည်။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now