Arc 4🗡38🗡နှစ်လ

166 21 0
                                    

Chapter (38) Arc 4
နှစ်လ

ရေပေါ်တက်လာလေ ခံစားချက် ပိုအားကောင်းလေပင်။ ခန္ဓာကိုယ်ထဲသို့ ဝိညာဉ်စွမ်းအင်များ အဆက်မပြတ် တိုးဝင်နေ၏။ ရေအောက် မီတာ သုံးသန်းလောက်တွင် ဝိညာဉ်စွမ်းအင်သည် အလွန်ရှားပါးသော်ငြား ရေပေါ်မြင့်လာတဲ့အခါ ဝိညာဉ်ချီ၏ စဉ်ဆက်မပြတ် တိုးလာမှုကို ခံစားရလေ ဖြစ်သည်။

တတိယ နန်းတော်ပင်လယ်၏ ဖွဲ့စည်းမှုသည် သူ့ခန္ဓာကိုယ်အတွက် ခွန်အားများစွာကို သုံးစွဲနိုင်ပြီး ကြီးမားလှသော ပထမအဆင့် နန်းတော်ပင်လယ်ကြီး သုံးစင်း၏ ရှင်သန်မှုအတွက် ရေအောက်ထဲက ဝိညာဥ်ချီဟာ ဆယ်ပုံတစ်ပုံကျော်သာ ရှိသည်။

နန်းတော်ပင်လယ် တစ်ခုထဲက ဝိညာဥ်ချီတောင် အများကြီး ဆိုလျှင် ပထမအဆင့် နန်းတော်ပင်လယ် သုံးစင်းတွင် စုဆောင်းရရှိသည့် ယွမ်ချီသည် အဆင့်တူညီသော သာမန် ကျင့်​ကြံသူများထက် များစွာ သာလွန်နေသေးသည်။

ဝုန်း!

လုရွှမ်သည် ရေကန်ထဲမှ တိုက်ရိုက် ခုန်ထွက်လာပြီး ချက်ချင်း ဆိုသလိုပင် ကောင်းကင်ယံ၌ ဝိညာဉ်စွမ်းအင်များ ဆက်တိုက် ထွက်ပေါ်လာကာ သူ့ဆီသို့ မုန်တိုင်းတစ်ခုလို အပြေးအလွှား တိုးဝင်လာလေ၏။

နန်းတော်ပင်လယ်ကြီး သုံးစင်းသည် ဝိညာဉ်စွမ်းအင်များကို စုပ်ယူရန် အတူတကွ လည်ပတ်နေသည်။ ဝေလငါး တစ်ကောင်ကဲ့သို့ ချက်ချင်းစုပ်ယူကာ ဝိညာဉ်စွမ်းအင်များစွာကို လျင်မြန်စွာ သွပ်သွင်းလျက် ရှိသည်။

ဝိညာဥ်ချီများ လျင်မြန်စွာ ပြည့်လျှံလာတဲ့ ခံစားချက်က လုရွှမ်ကို အလွန် ပျော်ရွှင်သွား​စေသည်။

မဆိုင်းမတွ ချက်ချင်းတင်ပျဉ်ခွေ ထိုင်ကာ ယွမ်စံအိမ် ဥယျာဉ် အနောက်ရှိ ဝိညာဥ်ချီများကို စုပ်ယူ၍ နန်းတော်ပင်လယ်ကို လုံးလုံးလျားလျား ပြည့်စေတော့သည်။

သူ မထိုင်နိုင်ခင်မှာပဲ ယန်လိထန်း သူ့ဆီကို အပြေးလာနေတာကို တွေ့လိုက်ရသည်။

"အစ်ကိုလု... ခင်ဗျား အသက်ရှင်နေသေးတာပဲ!"

"ဘာတွေဖြစ်နေတာလဲ?"

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now