တစ်ခုသော May 17 ရက်တွင် မန္တလေးကျုံးရှေ့ လူများ စုစုရုံးရုံး ။
သူတို့ အဖြူရောင် အကျီပေါ်တွင် ရောင်စုံအမှုန်များ ပတ်ဖြန်းထားလျက် ။ မျက်နှာပေါ်တွင်လည်း ဆေးရောင်စုံတို့ ခြယ်သထားလျက် ။ နှဖူးထက်တွင် စည်းနေှာင်ထားသော သက်တန့်ရောင် banner များ ။"If you are Gay..
It's Ok. ..
If you're Lesbian..
It's Ok ''
If you're gay ဟု တိုင်ပေးတဲ့သူတစ်ယောက်
It's Ok ဟု သံချပ်လိုက်နေကြသော လူအုပ်ကြီး ။လူအုပ်ကြီးကို ကြည့်လျှင် ပျော်ရွှင်နေကြမည်ဟု ထင်သည် ။
အရောင်အသွေးစုံ ဖက်ရှင်တို့ကို ဝတ်ထားသော tranwoman များသည်လည်း သက်တန့်ေရာင် အလံတို့ကို ကိုင်ကာ ဝေ့ယမ်းနေကြသည် ။ တစ်ချို့တစ်ချို့သော အတွဲများက ဖွင့်ဟ ဝန်ခံနေကြသည် ။ ကြည်နူးမှု မျက်ရည်များကျနေကြသည် ။ တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ဖြတ်ကျော်ခဲ့သော အခက်အခဲအကြောင်းတွေးရင် တွေးနေလိမ့်မည် ။ သူတို့ နှုတ်ခမ်းကတော့ ပြုံးနေကြသည် ။ မျက်ဝန်းတို့က ပျော်ရွှင်နေကြသည် ။ မျက်ရည်တို့က ထိုပျော်ရွှင်မှုကြောင့် ကျနေကြသည် ။
" ကိုယ့်ကို လက်ထပ်ခွင့်ပြုပါ ''
ကောင်လေးတစ်ယောက်က တစ်ခြားကောင်ငယ်လေးအား ဒူးထောက်ကာ လက်ထပ်ခွင့်တောင်းနေသော မြင်ကွင်း ။
သူငယ်ချင်းနှစ်ယောက် တစ်ယောက်နှင့်တစ်ယောက် တင်းကြပ်စွာ ဖက်ထားသည့်မြင်ကွင်း ။ ' ဂုဏ်ယူပါတယ် ' ဟု ဝမ်းသာအားရစွာ အားပေးစကားပြောနေကြသောသူတို့ ။
ကောင်မလေးတစ်ယောက်ကို ပွေ့ချီကာ ' ဒါ ကျွန်တော့ ကောင်မလေး' ဟု အော်ဟစ်နေသာ ဆံပင်ရှည်ရှည်နှင့် ကောင်မလေးတစ်ယောက် ။ သူတို့သည် အရှက်မရှိ၍တော့ မဟုတ် ။ သူတို့ အနှစ်နှစ်အလလက ဖုံးဖိထားခဲ့ရသော ခံစားချက်တို့ ပွင့်အံလာခြင်းသာ ။
LGBTQ ခေါင်းစဥ်ဖြင့် ထိုလူအုပ်ကြီးသည် ကျုံးရှေ့တွင် ပျော်ရွှင်စွာ ဟစ်ကျူးနေကြသည် ။
အကြောင်းမှာ လိင်စိတ်တိမ်းညွှတ်မှုကို လွပ်လပ်စွာ ရွေးချယ်ခွင့်ပြုသောကြောင့် ၊ လိင်တူအချင်းချင်း တရားဝင် လက်ထပ်ခွင့် ရသောကြောင့်ပင် ။
YOU ARE READING
Love Is Rainbow
General Fictionခင်ဗျားတို့ပြောသလို အချစ်က မျက်စိမပါဘူး ။ ချစ်နေဖို့ရာ ယောကျားမိန်းမ ဆိုတာမျိုး မရှိဘူး ။ လူသားနှစ်ယောက်နဲ့ မေတ္တာပဲလိုတယ်ဆို ကျွန်တော် သူ့ကို ချစ်ချင်တယ် ။ .... MUFL Tomboy and Tranwoman and girl Tomgay \ lesbian 11.8.2021 31.82021 #crdpic