10

466 32 0
                                    

ကုတင်ပေါ်တွင် ခေါက်စားပွဲတင်ပြီး အိမ်စာများလုပ်ရန်ပြန်လိုက်သည် ။ တစ်နေ့စာတစ်နေ့ မှန်မှန်လုပ်ရမည်ဆိုပေမယ့် google တွင် စာရှာလိုက်တိုင်း စာအုပ်ဘက် မရောက်ဖြစ်သည်က များများလာသည် ။ ခုတော့ ပြင်သစ် Culture သင်သည့်ဆရာမက စာကြိုဖတ်ဖို့ခေါင်းစဥ်ပေးခဲ့သည် ။ လိုတ စာအုပ်မထူမပါးလေးကိုထုတ်ပြီး ဆရာမ ဖတ်ခိုင်းခဲ့သော En Famille (မိသားစုပုံစံ)  ကို ဖတ်နေသည် ။ ပိုင်ရှင်ကတော့ သူငယ်ချင်းမွေးနေ့ဟုဆိုကာ ဟို ငနဲနှင့်ပါသွားလေပြီ ။ ပိုင်ရှင်လည်း ပြင်သစ်မေဂျာကို ကျော်ကာ ရည်စားဘက်က သူငယ်ချင်းတွေနဲ့ ရင်းနှီးနေပြီဖြစ်သည် ။

ပြင်သစ်တွေ မိသားစုပုံ နေထိုင်နည်း ( 4 )နည်းရှိသည် ။
Le mariage ပထမနည်းက လက်ထပ်ပြီး နေထိုင်ခြင်း ....
ပြင်သစ်လူမျိုး 300000 သော အတွဲများက မဂ်လာဆောင်လျှင် မြို့တော်ခန်းမကို ရွေးချယ်ကြပြီး ၊ 52 %သော အတွဲများက ဘုရားကျောင်းမှာ မဂ်လာဆောင်ကြသည် ။ မဂ်လာဆောင်သည့် တစ်ချို့အကြောင်းအရင်းက တရားစီရင်ရေးနှင့် အခွန်ကိစ္စတွေမှာ အကျိုးအမြတ်ရှိအောင်ဖြစ်သည် ။

L'union libre ဟူသော Living together ပုံစံနေထိုင်ခြင်း ။ အတူနေသော်လည်း တစ်ယောက်လွတ်လပ်ခွင့်ကို တစ်ယောက် ပိတ်ပင်ချင်းမပြုစေရ ။ ကိုယ်နှင့်နေသည် မှန်သော်လည်း တစ်ခြားတစ်ယောက်နှင့် အိပ်ချင်ပါကလည်း အိပ်နိုင်လေသည် ။

Le PAC ....ဒီနည်းက living together နှင့်ဆင်တူပေမယ့် သူက စာချုပ်နှင့်ပင် ။ အတူတူနေ.. သူလဲ သူသဘောကျတဲ့ ဘယ်လိင်နဲ့မဆို Sex လုပ်နိုင်ပြီး တစ်ဖက်ကလည်း လွတ်လပ်စွာနေထိုင်နိုင်သည်လေ ။ စာချုပ်က သူတို့အား အခွန်ခ သက်သာစေသည် ။ အိမ်ငှားခ ခွဲပေးရသည်လေ ။

နောက်ဆုံးနည်းက Reste le célibat... အပျို လူပျိုအဖြစ်နှင့်ပင် နေထိုင်ခြင်းပင် ။ လူတစ်ယောက်ဟာ အသက်အရွယ် လွန်သွားရင်ပဲဖြစ်ဖြစ် ၊ ပညာအတတ်လွန်သွားသည်ပဲဖြစ်ဖြစ် ၊ ဇီဇာကြောင်သောကြောင့်ပဲ ဖြစ်ဖြစ် အပျိုကြီး ၊ လူပျိုကြီးအဖြစ်သာ နေထိုင်ကြတော့သည်ဟု ဆိုသည် ။

စာရှာရင်း ဖတ်ရင်းနှင့် တစ်မျက်နှာက တစ်နာရီလောက် ကြာသွားသည် ။

Love Is RainbowWhere stories live. Discover now