6

547 41 2
                                    

ဘေးက အသံတို့က ချိုးချိုးချွတ်ချွတ်ကြောင့် လိုတ နိုးလာခဲ့သည ်။ ဘေးဘီဝဲကြည့်တော့ အကုန်လုံးက ဘီးလိမ်းပြင်ဆင်နေကြသည် ။ ပုံမှန်ဆိုလျှင် သူများနည်းတူ ထ သည် ဆိုပေမယ့် မနေ့ညက တော်တော်ကောင်းသွားခဲ့သည်ကြောင့် ခုမနက်ကျ ခေါင်းကိုက်နေသည် ။ အစ်မတစ်ယောက် ပေးလာသော လိမ္မော်ရည်က သူ့အမြင်တွေအားလုံးကို ဝေဝါးစေခဲ့သည်လေ ။ ကိုယ်တိုင်ကလည်း ဘီယာနှစ်ဗူးချထားသောကြောင့် ရီဝေရီဝေ ။ ခု နှစ်ဗူးသောက်နိုင်သေးသည် ။ ပထမနှစ်တုန်းကဆို တစ်ဗူးတည်းနှင့် ပင်လယ်ရေပြင်လိုမြေကြီးကို လျှောက်ခဲ့ဖူးသည်လေ ။ အရက်ထည့်ထားသော လိမ္မော်ရည်ကို သောက်မိခဲ့သည် ။ ဖြစ်နိုင်တာက ထိုလိမ္မော်ရည်သည် ယောကျားလေးဝိုင်းမှ ဖြစ်ပါလိမ့်မည် ။ လိုတ ေခါင်းကို ထုရင်း မျက်ခုံးတွန့်ချိုးမိသည် ။

" နိုးလာပြီလား ''

" အွန်....''

" Royal-D ဝယ်ထားတာ သောက်လိုက်လေ...သံပရာရည်တော့ မရခဲ့ဘူး ။ ''

" အွန်... ကျေးဇူး...''

" ညက တော်တော်မှ ကောင်းရဲ့လား ''

" အွန်... အကောင်းလွန်သွားတယ်... အိပ်ယာထဲဘယ်လိုရောက်ခဲ့လဲ မှတ်တောင် မမှတ်မိတော့ဘူး ''

" နင် အန်စုတ်အန်လန်နေတာ ငါသိမ်းပေးခဲ့ရတယ် အစုတ်ပလုတ်ရဲ့ ''

" Sorry.... ''

" ပြောနေစရာမလိုပါဘူး... ဒီနေ့ပြန်တော့မှာဆိုတော့ ပစ္စည်းတွေသိမ်းရမယ်... သွားမျက်နှာသွားသစ်ချည်တော့ ''

"အွန်....''

မျက်နှာသစ်လိုက်တော့ လူကလန်းသွားသည် ။ စိတ်တော့မလန်းသေး ။ ပိုင်ရှင်က သူ့အစား အိပ်ယာခင်းတွေ သိမ်းပေးနေသည် ။ အဝတ်စားတွေ ၊ ပစ္စည်းတွေ မကျန်စေရအောင် ထည့်နေသည် ။ ဒီလိုဆိုတော့ လိုတ လောဘကြီးလာပြန်သည် ။ သူ့ကိုပဲ ဖွင့်ပြောလိုက်ရမလားဆိုသည့် အတွေးတို့ အကြိမ်ကြိမ်ဝင်ရောက်လာသည် ။ သို့သော် သူ ထုတ်မပြောဖြစ်ချေ ။

" ပစ္စည်းတွေ မကျန်စေနဲ့နော် ဒီကို ပြန်မဝင်တော့ဘူးဆိုတော့ သိမ်းစရာရှိတာ အကုန်သိမ်းခဲ့ပါ ။ အမှိုက်တွေမချထားခဲ့ပါနဲ့ ''

Love Is RainbowWo Geschichten leben. Entdecke jetzt