နံရံပေါ် တွယ်ကပ်ထားသော ချိတ်ကလေးတွင် ကြေးပြားတစ်ပြား တိုးလာသည် ။ မန္တလေးနိုင်ငံခြားဘာသာ တက္ကသိုလ် ဘောလုံပြိုင်ပွဲ ပထမဆု ဟူသော ရွှေတံဆိပ်ပြားလေး ။ ပထနှစ်တုန်းက ကြေးတံဆိပ်နှင့် ယခုဆို နှစ်နှစ်ဆက်တိုက် ပထမဆုရလေသည် ။
ကျောင်းပိတ်ရက် နေ့ခင်းဖြစ်သောကြောင့် နှစ်ယောက်သား အခန်းတွင်းတွင်သာ ။ လိုတကတော့ တစ်ပတ်လုံး ကောင်းကောင်းမသင်ခဲ့ရသည့် စာများကို ပိုင်ရှင့်ဆီက ပြန်ကူးနေသည် ။ ခေါက်စားပွဲပေါ်တွင် စာအုပ်များထပ်လျက် ။ ပိုင်ရှင်ကတော့ သူ့ကိုယ်တင်နှင့်သူ လဲလျောင်းကာ ဖုန်းသုံးနေသည် ။ ဘေးနားတွင်တော့ လမ်း၂၀ က ဖရဲသီးစိတ် နှင့် သခွားမွှေးစိတ် ထည့်ထားသော ပန်းကန်ကိုထားကာ အိပ်ရင်းစားနေသည် ။
လိုတက ပြင်သစ် Phonetic ဆရာမ တစ်ခါတစ်ခါ သင်ပေးတတ်သော Vire langue ကို အသံထွက်တိုးတိုးလေးထွက်ကာ ကူးနေသည် ။
Si six scies scient six sausissons, soixante six scies scient soixante six sausissons.
(စီ စိ စီ စိ စိ စိုစီစွန်, စွားစွန့်စိ စီး စီး စွားစွန့်စိညစိုစီစွန်။
လွှ ၆ စင်းဟာ တုတ်ခြောက်ချောင်းကို ဖြတ်တယ်ဆိုရင် လွှ ၆၀၆ စင်းဟာ တုတ်ခေငေ်း ၆၀၆ ခုကို ဖြတ်တယ် ။Cherchez ce chat chez ce cher Serge.
(ရှားရှေး စ' ရှား ရှေ စ' ရှား စဲရှ်)
အဲ့ကြောင်ကို မွန်စီယာ serge ဆီ ရှာကြည့် ။လျှာခလုတ် တိုက်ကာ ထွက်နေသော အသံများကြောင့် ပိုင်ရှင်က ရယ်သည် ။ လိုတ ပိုင်ရှင့်ဘက်လှည့်ကြည့်ရင်း ရှက်ရှက်နှင့် ပြုံးပြလိုက်သည် ။ ပိုင်ရှင်က အလွတ်ရနေသော ထိုစာကြောင်းတို့ကို ရွတ်ပြလာသည် ။ ဒက်ဒက် ဒက်ဒက် နှင့် ရွတ်ပြလာသော ပိုင်ရှင်ကို ''merci '' ဟုသာဆိုပြီး ပြုံးပြလိုက်သည် ။ ပိုင်ရှင်က ဒေါက်ဒေါက် တောက်တောက် ရွတ်ပြသွားသော်လည်း accent သေချာ မဖမ်းမိ ။ ထို့ကြောင့် google translate သို့သွားကာ စာရိုက်နေသည် ။ offline ရသော်လည်း အကျင့်ပါသော လက်က ဖုန်းဖွင့်ရင် data on ချလိုက်သည် ။
"တင်........တင်......''
မကြာပါ ။ messenger မှ စာဝင်လာသည် ။ line တွင် စကားပြောသည့်သူမှာ စေတစ်ယောက်သာ ရှိသည့်အတွက် သူမ မှန်းတန်းသိသည် ။ စာပြန်မည်လုပ်တော့ မျက်လုံးထောင့်မှ လှုပ်ရှားမှုကို သတိပြုမိလိုက်သည် ။ လိုတ စာကို ခပ်မြန်မြန်ပြန်လိုက်ရင်း off ပြန်လုပ်လိုက်သည် ။
आप पढ़ रहे हैं
Love Is Rainbow
सामान्य साहित्यခင်ဗျားတို့ပြောသလို အချစ်က မျက်စိမပါဘူး ။ ချစ်နေဖို့ရာ ယောကျားမိန်းမ ဆိုတာမျိုး မရှိဘူး ။ လူသားနှစ်ယောက်နဲ့ မေတ္တာပဲလိုတယ်ဆို ကျွန်တော် သူ့ကို ချစ်ချင်တယ် ။ .... MUFL Tomboy and Tranwoman and girl Tomgay \ lesbian 11.8.2021 31.82021 #crdpic