12

437 34 0
                                    

မန္တလေးတောင်သို့ ဦးတည်နေသော ပြိုင်ဘီးအနီလေး ။

နေ့လည်တုန်းလောက်ကတော့ ချိန်းတာ ဖျက်လိုက်ရမလားဆိုသည့်အတွေး ဝင်မိသည် ။ ရည်စားနှင့် ရန်ဖြစ်ထားသော ပိုင်ရှင့်နား အဖော်ရအောင်ဆိုပြီးတော့ ။ ခုတော့လည်း ဟိုဘက်က ဘယ်လောက်နဲ့ ဘယ်လောက်များ အသေအကြေ ချော့လဲမသိ ပြန်လာ​တေ့ာ အမြီးတောင်မမြင်လိုက်ရ ။ လိုက်သွားလေပြီဖြစ်သည် ။ ထို့ကြောင့် စီစဥ်ထားသည့်အတိုင်း မန္တလေးတောင်သို့သာ လာခဲ့လေသည် ။ စိတ်တို့က ညစ်ထွေးစွာ ။

တောင်ခြေရောက်တော့ စက်ဘီးအပ်ထားလိုက်သည် ။ ​သူမ၏ အရိပ်အယောင်ကို ပတ်ရှာကြည့်သေးသည် ။ မတွေ့တော့ ခြသေ့်ကြီးနားထိုင်စောင့်နေလိုက်သည် ။ ရေခဲစိမ် ရေသန့်ဘူး တစ်ဗူးကို ဝယ်သည် ။ သူတကယ် ပင်ပန်းနေပြီဖြစ်သော်လည်း မန္တလေးတောင်သို့ လာခဲ့သည် ။ တစ်ယောက်ယောက် အနားနားရှိနေလျှင်တော့ အထီးကျန်ချိန်တွေ လျော့သွားမည် အထင်နှင့် ။ ချိန်းဆိုထားသော ၄နာရီခွဲ တွင် သူမ တိတိကျကျ ရောက်လာခဲ့သည် ။ ယခင်မနက်ခင်းများနှင့်မတူဘဲ သူမမျက်နှာတွင် အလှဆင်ထားသော အရောင်တို့ တလက်လက် တောက်နေသည်ကို မြင်ရသည် ။ ဆံနွယ်တို့ကို ချည်ထုံးထားသောကြောင့် လည်တိုင်ရှည်ရှည်က အမြင်သင့်နေသည် ။

" ရောက်တာ ကြာပြီလား ''

" မကြာသေးဘူး ခဏကမှရောက်တာ ''

" တို့ ကမန်းကတန်းနဲ့ ထွက်လာခဲ့လိုက်ရတယ် ဟူး.....'' သက်မလေးချရင်း ဆိုလာသည် ။

" ဟို....မအားလို့လား ''

ထိုသို့ဆိုတော့ သူမက ချက်ချင်း ခေါင်းခါကာ

" အားပါတယ်... ''

"ဒါဆို.....''

လိုတက ေလှကားတက်ရန် လက်တစ်ဖက်နှင့် အမူအရာ ပြလိုက်သည် ။ သူမက လိုတဘေး လူသုံးယောက်အကွာမှ တက်နေသည် ။

ခေတ္တခဏ နှစ်ယောက်လုံး တိတ်ဆိတ်သွားကြပြန်သည် ။ လိုတ တိတ်တိတ်လေးပဲ တက်လာသည် ။ ဒီလိုတက်နေချိန် တစ်ခြားသူများကရော ဘာအ​ေကြာင်းစဥ်းစားနေမည်နည်း ။ မန္တလေးတောင်က ဘီလူးမကြီးအကြောင်းလား ။ မန်းတောင်ရိပ်ခို သီချင်းလား ။ ဒါမဟုတ် ချစ်သူရည်းစားတွေဆိုရင် တီတီတာတာပဲ ပြောနေမလား ။ လိုတ သူ့အတွေးနှင့်သူ ဆိတ်ငြိမ်နေသည် ။ သို့သော် သူ့အား နှုတ်ဆိတ်နေသည်ကို မလိုလားဟန်တူသည် ။

Love Is RainbowWhere stories live. Discover now