22

427 25 4
                                    

" ဘာဖြစ်တာလဲ ပိုင်ရှင် ''

လိုတ ပုံမှန်ထက် စိတ်တိုနေမိသည် ။

" ဘာကိုဘာလဲ...မင်းက ငါ့ကို ကလဲ့စား ပြန်ချေနေတာလား... ငါ့ရည်းစားကို ကျုံးဘေးခေါ်ခဲ့လို့ မင်းက ငါ့ကို ပြန်ရိုက်ချင်နေတာလား ''

" ပိုင်ရှင် မဟုတ်တာတွေ မပြောနဲ့ ။ ကလဲ့စားချေရအောင်လည်း အဲ့ကိစ္စက ဘာမှ ဟုတ်တာ မဟုတ်ဘူး ''
ေရနီမြောင်းဘေးလျှောက်လမ်းက လူရှင်းနေသည် ။ ညမီးရောင်တို့ စတင်ဝင်ရောက်နေပြီ ။

" ဘာမှ မဟုတ်လို့ မင့်ဟာမနဲ့ သာယာချင်တဲ့နေရာကို မင်းခေါ်ခဲ့တာမလား ''

" ပိုင်ရှင်...........''

လိုတ မဟုတ်သောအကြောင်းအရာကြောင့် ဒေါသထွက်ကာ အော်လိုက်သည် ။

" မင်းက မင်းဟာမနဲ့တွေ့ပြီးတော့ ငါ့ကိုတောင် အရင်လို မဟုတ်တော့ဘူး ။ ဟုတ်တယ်မလား ''

လိုတ ဘာမှ ပြန်မပြောချင်တော့ ။ သူက ပိုင်ရှင့်အပေါ် ဘာများ ပြောင်းလဲလို့လဲဟုသာ စဥ်းစားမိသည် ။

" ပိုင်ရှင်... စေနဲ့ ငါက မင်းထင်သလို မဟုတ်ဘူး... မင်းထင်ရာပဲ စွတ်ပြောမနေနဲ့ ''

" ငါက ထင်ရာတွေ ပြောနေတာ မဟုတ်ဘူး ။ မြင်တာကိုပြောတာ... ငါ မျက်မြင်တွေ့တဲ့ဟာတွေကို ပြောတာ ''

" တော်တော့...ပိုင်ရှင်.......''

" ဒီအတိုင်းပဲ မင်းက......သူနဲ့တွေ့ပြီးကတည်းက မင်းငါ့ကို တော်တော့ချည်းပဲ... အမှန်တရားတွေမို့လား..... မိန်းမ အစစ်လဲ မဟုတ်ဘဲနဲ့....အခြောက်မတွေ....''

" ပိုင်.ရှင်.......ငါ တော်တော့ဆိုတာက မင်းက မဟုတ်တာတွေ ပြောနေလို့ နောက်ပြီး သူ မိန်းမအစစ်မဟုတ်ဟုတ် မင်း ဘာမှပြောစရာမလိုဘူး ''

လိုတ အစကတော့ စေနှင့် ပိုင်ရှင် အဆင်ပြေလိမ့်မည်ဟု ထင်ခဲ့သည် ။ ပိုင်ရှင် စေ့ကို ဘာကြောင့် သဘောမကျရတာလဲ.... သူက မိန်းမလျာမို့လားဟု တွေးမိပြန်သည် ။ ထို့ကြောင့်ဆိုလည်း မဟုတ်နိုင်ပြန် ။ ပိုင်ရှင်က BL တွေ ဖတ်တာပဲလေ ဟု တွေးမိပြန်သည် ။ ယခုတော့ သူမ ပါးစပ်မှ အခြောက်မ ဟူသော စကားထွက်လာခဲ့သည် ။ လိုတ ဒေါသထွက်ကာ ပိုင်ရှင့်ကို မစောင့်တော့ဘဲ အဆောင်သို့ ပြန်ခဲ့သည် ။

Love Is RainbowDove le storie prendono vita. Scoprilo ora