အပိုင်း 131

312 39 0
                                    

အခန်း ၁၃၁ : လက်ပေါင်းထောင်ချီဗုဒ္ဓ၊ တစ်ချက်တည်းဖြင့် ဖျက်ဆီးခြင်း

"ကျုပ်တပည့်ကိုတိုက်ခိုက်ခဲ့တဲ့လူတွေ… ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံလိုက်"

လုချန်ရှန်းက ထိုစကားကို တည်တည်ငြိမ်ငြိမ်ပြောလိုက်ခြင်းပင်။ သို့သော် ၎င်းမှာ ဗုဒ္ဓကျောင်းဆောင်ကြီးတစ်ခုလုံး နားစည်ကွဲလုမတတ်ပင်။

ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံရမည်တဲ့လား။

သူတို့မှာ ဗုဒ္ဓဂိုဏ်းတော်၏ထိပ်တန်းတိုက်ခိုက်ရေးခွန်အားပင်။ ဝတ်စုံစိမ်းမဟာသတ္တအရှင်၏ကျင့်ကြံရေးအဆင့်မှာ အာကာသနတ်ဘုရားအလယ်အလတ်အဆင့်ဖြစ်ပြီး အာကာသနတ်ဘုရားအဆင့်ကို ကျော်ဖြတ်နိုင်မည့်အခွင့်အရေးလည်းရှိသည်။ ဤသည်မှာ ဗုဒ္ဓဂိုဏ်းတော်၏အခြေခံအုတ်မြစ်များထဲက တစ်ခုလည်းဖြစ်၏။

အကယ်၍ သူတို့သာသေကြောင်းကြံရမည်ဆိုပါက ဗုဒ္ဓဂိုဏ်းတော်ထဲရှိလူများမည်သို့တွေးကြလိမ့်မလဲဆိုသည်ကို လျစ်လျူရှုလျှင်ပင် သူတို့ကိုလက်လွှတ်ရန်မဖြစ်နိုင်ပေ။ အဘိုးအိုကား  အမျက်ခြောင်းခြောင်းထွက်သွားလေသည်။ သူက သူ့ခေါင်းကိုခါယမ်းပြီးပြောလိုက်လေသည်။

"အကျိုးတော်ဆောင်ကြီး.. ဒီတောင်းဆိုမှုက အရမ်းကြမ်းတမ်းလွန်းပါတယ်။ ဖြည့်ဆည်းပေးဖို့ခက်ခဲမှာစိုးမိပါတယ်"

လုချန်ရှန်းကလည်း ပြောလိုက်လေသည်။

"ခင်ဗျား ဘာမှထပ်ပြောစရာမလိုတော့ဘူး"

ထိုနေရာအရောက်တွင် နိယာမဓားသွားများက မဟာသတ္တအရှင်များနှင့် အကြီးအကဲခြောက်ဦးပေါ်သို့ ချိန်ရွယ်ထားကြလေသည်။ ယခုမူ လုချန်ရှန်းအနေနှင့် ကံကံ၏အကျိုးကိုရော နောက်ဆက်တွဲဖြစ်ရပ်များကိုပါ ဂရုမစိုက်တော့ပေ။ တစ်ဖက်လူက သူ့တပည့်ကိုပင် အနိုင်ကျင့်ထားလေသည်။

လုချန်ရှန်းအနေနှင့် သည်အတိုင်းထိုင်ကြည့်မနေနိုင်ချေ။

အဘိုးအိုခြောက်ဦးကလည်း ထိုမြင်ကွင်းကိုမြင်လိုက်ရသောအခါ တည်ငြိမ်နေသောအမူအရာဖြင့် အချင်းချင်းကြည့်လိုက်ကြသည်။ ထို့နောက် သူတို့က မဟာသတ္တအရှင်များကိုပြောလိုက်၏။

ငါ့တပည့်တွေက ဘုရင်တွေ حيث تعيش القصص. اكتشف الآن