အပိုင်း 127

305 29 0
                                    

အခန်း ၁၂၇ : သာဝကများ

ထိုသတင်းပျံ့နှံ့သွားသည်နှင့် အဓိကဂိုဏ်းဂဏများက တောင်ပိုင်းဒေသရှိ လျှို့ဝှက်တာအိုကျောင်းတော်ဆီသို့ လူများစေလွှတ်တော့သည်။ ထိုကိစ္စနှင့်ပတ်သက်ပြီး သူတို့ ချက်ချင်းဆွေးနွေးကြလေသည်။

သို့သော် ဆွေးနွေးပြီးနောက်မှာ ဤစိတ်တန်ခိုးရှင်ဘုံက မရိုးရှင်းလှကြောင်း သူတို့သဘောပေါက်လိုက်သည်။

ထို့ကြောင့် အလယ်ပိုင်းဒေသရှိ အင်အားစုများနှင့် အခြားဒေသများမှာ ပထမအတားအဆီးကိုဖြတ်ကျော်ရန်အတွက် သူတို့၏ထိပ်တန်းပညာရှင်များကိုစေလွှတ်ရန် ဆုံးဖြတ်ခဲ့ကြသည်။

အမြတ်အစွန်းအတွက်ကမူ ဂိုဏ်းဂဏအသီးသီး၏ ကိုယ်ပိုင်အခွင့်အရေးများအပေါ်မူတည်လေသည်။

ချင်းထျန်းနျန်ကတော့ တောင်းဆိုမှုတစ်ခုသာရှိသည်။

သူ့အနေနှင့် ထိုလေဟာပြင်ကို အင်အားသုံး၍မဖြတ်ကျော်စေချင်ပေ။ မဟုတ်ပါက တောင်ပိုင်းဒေသတစ်ခုလုံး ပျက်ကိန်းဆိုက်ရပေလိမ့်မည်။ ဂိုဏ်းဂဏအသီးသီးကလည်း ထိုအချက်ကို သဘောတူကြသည်။

တစ်ဖက်တွင်မူ  အနောက်ပိုင်းဒေသဗုဒ္ဓဂိုဏ်းတော်ရှိ ဗုဒ္ဓတောင်တန်းပေါ်တွင်...

တိမ်တိုက်များဆီသို့ မြင့်သွန်းနေလေသောနန်းတော်ထဲသို့ ဗုဒ္ဓတပည့်တော်တစ်ဦးက အစီအရင်ခံတင်ပြရန် ရောက်လာလေသည်။

"မင်း ဘာလို့အလန့်တကြားဖြစ်နေတာလဲ"

ဗုဒ္ဓခန်းမထဲတွင် ဗုဒ္ဓခြောက်ပါးက ရွှေရောင်ဗုဒ္ဓရုပ်တုရှေ့မှောက်၌ မျက်လုံးများကိုမှိတ်လျက် လက်အုပ်ချီကာ တင်ပျဉ်ခွေထိုင်နေလေသည်။

"ဗုဒ္ဓဂိုဏ်းတော်က သန့်ရှင်းစင်ကြယ်တယ်။ တစ်ခုခုဖြစ်လာတယ်ဆိုတိုင်း မင်း အထိတ်တလန့်နဲဲ့ ဗုဒ္ဓစိတ်အစဉ်ကိုနှောင့်ယှက်လို့မရဘူး"

ဗုဒ္ဓတပည့်တော်ကလည်း လက်အုပ်ချီလိုက်ပြီး တရိုတသေပြောလေသည်။

"ကျေးဇူးတင်ပါတယ် ကြီးမြတ်တဲ့မဟာဗုဒ္ဓ"

"ကဲ ဆိုစမြးပါဦး"

ငါ့တပည့်တွေက ဘုရင်တွေ Where stories live. Discover now