အပိုင်း 124

406 38 0
                                    

အခန်း ၁၂၄ : သင်္ကေတစာလုံးကိုးလုံး

ဗုဒ္ဓဘာသာကျင့်ကြံသူဒါဇင်ခန့်က လေထုအလယ်တွင် ဝဲပျံနေပြီး နင်းချန်ရှင်းကိုဝန်းရံလျက် စကြာသဏ္ဌာန်ပုံဖော်ထားပေသည်။ မျက်စိကျိန်းဖွယ်ဗုဒ္ဓရောင်ခြည်တစ်ဖြာက ဗုဒ္ဓဘာသာကျင့်ကြံသူ၏အနောက်ဘက်၌ ပေါ်ထွက်လာချေသည်။

ချီစွမ်းအင်အလင်းတန်းများက ကောင်းကင်ထက်သို့ ဆန်တက်သွားလေသည်။

နင်းမင်နှင့် ကျန်လူများမှာ ထိတ်လန့်ကြောက်ရွံ့သွားရှာသည်။ ဗုဒ္ဓဂိုဏ်းတော်က အလွန်အမင်းဆန်းကြယ်လှပြီး ဤသည်မှာ အစသာရှိသေးပေသည်။

နင်းချန်ရှင်း တောင်ပေါ်သို့ တကယ်ပဲတက်သွားနိုင်ပါ့မလား...

"အကျိုးတော်ဆောင်ကြီး.. တောင်ပေါ်က မြန်မြန်ထွက်သွားပါ။ အဲ့လိုမှမဟုတ်ရင် ရိုင်းပျမိတဲ့အတွက် ကျုပ်တို့ကိုအပြစ်မမြင်နဲ့နော်"

သူ ဘယ်အချိန်မှာ နောက်ပြန်ဆုတ်ရမည်ဆိုသည်ကို သိသော်လည်း ယခုအချိန်မှာမူ သူ ရှေ့ကိုထပ်တိုးသွားလိုက်ပြီး ထိုဗုဒ္ဓဘာသာကျင့်ကြံသူများကို တည့်တည့်ကြည့်လိုက်သည်။

"မလုပ်နိုင်ဘူးဆိုတာသိရင်တောင်မှ လုပ်ကိုလုပ်ရမဲ့အရာတချို့ရှိတယ်"

"ကျုပ်ရဲ့နှလုံးသားထဲက တာအိုအတွက် နောက်ပြန်ဆုတ်ဖို့မဖြစ်နိုင်ဘူး"

နင်းချန်ရှင်းလည်း တာအိုသိုင်းကျမ်းကို ဖွင့်လိုက်ပြီး ထိုဗုဒ္ဓဘာသာကျင့်ကြံသူများကို တည်ငြိမ်နေသောအမူအရာဖြင့်ကြည့်လိုက်သည်။

"ခင်ဗျားတို့တွေ လိပ်ပြာလုံတယ်ဆိုရင်လည်း ဘာလို့ ကျုပ်ကိုတားနေကြသေးလဲ"

ထိုစကားကိုကြားသော် ဗုဒ္ဓဘာသာကျင့်ကြံသူများ၏အမူအရာများမှာ ပြောင်းလဲသွားလေသည်။

နင်းမင်နှင့်ကျန်လူများလည်း တိတ်ဆိတ်သွားကြချေ၏။

အမှန်ပင်.. အကယ်၍ သူတို့ဘက်က လိပ်ပြာလုံလှပါချည်ရဲ့ဆိုလျှင် အပြစ်ရှိသလိုလည်း ခံစားနေစရာမလိုချေ။ ထိုသို့ဆိုလျှင် သူတို့ ဘာကြောင့်များ သူ့ကိုတားနေရလေသလဲ။

ငါ့တပည့်တွေက ဘုရင်တွေ حيث تعيش القصص. اكتشف الآن