အပိုင်း 123

358 33 0
                                    

အခန်း ၁၂၃ :  မရိုးသားခြင်း

နင်းချန်ရှင်း၏စကားများကိုကြားသောအခါ စားသောက်ဆိုင်ကြီး ရုတ်ခြည်းတိတ်ဆိတ်သွားရလေသည်။

သိမ်မွေ့ပြီး အန္တရာယ်မပြုတတ်ပုံပေါ်သောပညာရှင်လေးမှာ ဗုဒ္ဓဂိုဏ်းတော်၏ခွန်အားကို နားမလည်ရှာပေ။ သို့မဟုတ်ပါက သူဟာ ဗုဒ္ဓဂိုဏ်းတော်ထဲမှ ခြေရာလက်ရာမပျက်ပြန်ထွက်လာနိုင်လိမ့်မည်ဟု ထင်နေလေသလား။
နင်းမင်ဟာ လေးလေးနက်နက်ရှိလှသောနင်းချန်ရှင်းကို စိုးရိမ်နေသောအကြည့်ဖြင့်ကြည့်လိုက်မိသည်။

ဤပုဂ္ဂိုလ်က ထိုစကားများကိုပြောရလောက်သည်အထိ ရူးမိုက်လှခြင်းမျိုးလည်းဖြစ်နိုင်သည်။ သို့မဟုတ်ပါက သူ့မှာ အားထားစရာတစ်ခုခုရှိနေခြင်းမျိုးလည်း ဖြစ်နိုင်သည်။ နင်းမင်လည်း ဤသည်မှာ နောက်ပိုင်းပြဿနာမျှသာဖြစ်ကြောင်း ခံစားမိသည်။

ဗုဒ္ဓဂိုဏ်းတော်၏စွမ်းအားကို မကြားဖူးသူရှိပါလေသလား။

သူတို့က နယ်မြေလေးခုလုံးအနှံ့ကလာသော တပည့်များစွာရှိပါသည့် အနောက်ပိုင်းဒေသတွင်းအင်အားစုကြီးတစ်ရပ်ဖြစ်သည်။

နင်းမင်ကတော့ ဗုဒ္ဓမြို့တော်ထဲမှာ ယခုလိုအရူးအနှမ်းတစ်ယောက်ရှိလိမ့်မည်ဟု မယုံကြည်ပေ။

ဗုဒ္ဓဂိုဏ်းတော်၏တားမြစ်နယ်မြေထဲတွင် ဗုဒ္ဓဂိုဏ်းတော်အကြောင်း မကောင်းပြောနေသေးသည့်အပြင် သူပြောလိုက်သည့်စကားများကလည်း အလွန်တရာစိတ်ထိခိုက်နာကျင်စရာပင်။ ဤသို့ဆိုပါက ဤပညာရှင်လေး အားကိုးအားထားပြုနေသည့်အရာဟာ ဘာများလဲ။

နင်းမင်လည်း အခြေအနေကိုဆက်လက်စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ ဗုဒ္ဓဂိုဏ်းတော်အတွက် ခုခံပေးကြသူများကတော့ နင်းချန်ရှင်းစကားများကိုကြားပြီး အေးတိအေးစက်ရယ်မောလိုက်ပေသည်။

"ကြည့်ရတာ မင်း တာဝန်ယူခိုင်းဖို့အတွက်နဲ့ ဗုဒ္ဓဂိုဏ်းတော်ဆီကိုသွားချင်နေတုန်းပဲထင်တယ်"

"မင်း ငါတို့ကိုတောင်ဖြတ်သွားနိုင်မှာမဟုတ်ပါဘူး"

ဤသည်မှာ ဗုဒ္ဓဂိုဏ်းတော်၏ ကြောက်မက်ဖွယ်ရှုထောင့်ဆိုလည်း မမှားပေ။ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူများနှင့် တပည့်တပန်းများမှာ အလွန်အမင်းသစ္စာရှိကြလေသည်။

ငါ့တပည့်တွေက ဘုရင်တွေ Where stories live. Discover now