အပိုင်း 125

337 38 0
                                    

အခန်း ၁၂၅ :  နက္ခတ္တစွမ်းအား၊ ချိတ်ပိတ်မှု ပြီးမြောက်ခြင်း

တာအိုလမ်းစဉ်ရှာဖွေရေးတောင်ခြေ၌...

မုကျီချင်းက ယဲ့ချိုးပိုင်၏စကားများကိုကြားသောအခါ တစ်ခဏမျှအံ့အားသင့်သွားပြီးနောက် မျက်ဝန်းအစုံမှာ အရောင်မှိန်သွားလေသည်။

"ဒါပေမဲ့ ကျွန်မမိသားစုတောင်မှ မဖြေရှင်းနိုင်တဲ့ဟာကို..."

ထိုစကားကိုကြားသောအခါ ယဲ့ချိုးပိုင် နားလည်လိုက်သည်။

မုကျီချင်း၏ကျောထောက်နောက်ခံပုဂ္ဂိုလ်မှာ ရိုးရှင်းပုံမရချေ။

"ငါ့ဆရာကလည်း သာမန်လူတစ်ယောက်မဟုတ်ပါဘူး။ ငါ သူ့တပည့်ဖြစ်လာကတည်းက သူ မသိတဲ့အရာဆိုတာ မမြင်ဖူးခဲ့ဘူး"

"ပြီးတော့ တကယ်လို့အလုပ်မဖြစ်ခဲ့ဘူးဆိုရင်တောင် ငါတို့စမ်းကြည့်ရမယ်လေ။ မျှော်လင့်ချက်ဆိုတာ ရှိစမြဲပါ"

"ငါကျင့်ကြနေတဲ့ကျင့်စဉ်က မင်းရဲ့ရုပ်ပိုင်းဆိုင်ရာပြဿနာကို အပြည့်အဝခုခံနိုင်ခဲ့တယ်မဟုတ်ဘူးလား။ အဲ့ဒီကျင့်စဉ်က ငါ့ဆရာသင်ပေးခဲ့တာလေ"

သူ(မ)ဟာ အပြုံးလေးဖြင့်ပြောလာလေတော့သည်။

"ဒါဆို ကျွန်မ အဘိုးမုကိုသွားပြောလိုက်မယ်"

အဘိုးမုတဲ့လား။

ထိုပုဂ္ဂိုလ်မှာ တာအိုလမ်းစဉ်ရှာဖွေရေးတောင်ခြေရှိလူအိုကြီးဖြစ်နိုင်လောက်သည်ဟု တွေးလိုက်သည်။

မုကျီချင်းက ယဲ့ချိုးပိုင်အား အဘိုးအိုဆီသို့ခေါ်သွားလိုက်သည်။ အဘိုးအိုကမူ မျက်လုံးမှိတ်ထားသော်လည်း သူတို့ရောက်လာသည်ကို အာရုံခံစားမိဟန်ပင်။

"မိန်းကလေး.. ခြံဝင်းထဲကထွက်မလာဖို့ ငါမပြောထားဘူးလား"

ခြံဝင်းထဲတွင် မုကျီချင်း၏ရုပ်ပိုင်းဆိုင်ရာပြဿနာကိုဖိနှိပ်ပေးထားနိုင်သည့် တာအိုလမ်းစဉ်ရှာဖွေရေးတောင်တန်းထဲရှိတာအိုဆန္ဒနှင့် ဆက်သွယ်ချိတ်ဆက်ထားသော အစီအရင်တစ်ခုရှိသည်။

"မင်းကရော ဘာလုပ်နေတာလဲ။ မင်း တာအိုလမ်းစဉ်ရှာဖွေရေးတောင်တန်းထဲက တာအိုအမွေအနှစ်ကို ယူသွားပြီးပြီမဟုတ်ဘူးလား"

ငါ့တပည့်တွေက ဘုရင်တွေ Where stories live. Discover now