အခန်း (၅) ဝမ်ယွမ်အတွက် ဇာတ်ပို့နေရာမှ သရုပ်ဆောင်ခြင်း

28 4 0
                                    

အခန်း (၅) ဝမ်ယွမ်အတွက် ဇာတ်ပို့နေရာမှ သရုပ်ဆောင်ခြင်း

ရှန့်ရှီဂျလန် __ ၁၄လွှာ

ကျန်းရှောင်းရှင်သည် အစည်းအဝေးခန်းသို့ ခေါ်ခံခဲ့ရသောအခါ အလွန်စိတ်လှုပ်ရှားနေခဲ့သည်။ အရာအားလုံး ဖြစ်ပြီးခဲ့နောက်၊ အရင်တုန်းက နောင်ပိုင် ပြောခဲ့သည့်အတိုင်း သူ ထိုဇာတ်ကောင်ကို မရခဲ့လျှင်၊ သူသည် ရပ်နားခြင်းသို့ ထားခံရလိမ့်မည်။ ရလဒ်အနေဖြင့် သူသည် နောက်ဆုံး အခက်အခဲကို မကျော်လွှားနိုင်ခဲ့ကာ ဇာတ်ကောင်ရအောင်လည်း မစွမ်းဆောင်နိုင်ခဲ့ပေ။ သူသည် ဒီတစ်ချိန်မှာ သေချာသလောက် ရပ်နားခြင်းသို့ ထားခံရလိမ့်မည်။

ယနေ့ ရာသီဥတုမှာ ပြတင်းပေါက်ဘေးမှ ကောင်းကင်ပြာပြာ၊ တိမ်ဖြူဖြူတို့ဖြင့် သာယာနေခဲ့သည်၊ ကောင်းကင်မှာ ပြာရင့်ရင့်နှင့် တိမ်ဖြူဖြူတို့မှာ ငေးမောဖွယ် ဖြစ်ခဲ့သည်။ အခန်းသည် လွတ်နေခဲ့ပြီး အပူချိန်မှာ နေလို့ကောင်းခဲ့သည်။ ကျန်းရှောင်းရှင်မှာ လက်ထဲရှိ တစ်ခါသုံးခွက်ကို ပွတ်နေခဲ့ကာ သက်ပြင်းမချဘဲ မနေနိုင်ခဲ့ချေ။

အဝေးမှ ခြေသံများ နီးလာခဲ့သည့်နောက် နောင်ပိုင် အခန်းထဲသို့ ဝင်လာခဲ့သည်။ သူက အနက်ရောင် အားကစားဝတ်စုံကို ဝတ်ဆင်ခဲ့ပြီး စိပ်ပုတီးကြီးကို လက်ကောက်ဝတ်တွင် ပတ်ထားခဲ့သည်။ သူသည် လျင်လျင်မြန်မြန် ဝင်လာခဲ့ပြီး ပူနေပုံရခဲ့သည်။ သူ အခန်းသို့ ရောက်ရောက်ချင်း ရေကို ရှာနေခဲ့သည်၊ "ငါ ရေဆာနေတယ် ။ "

ကျန်းရှောင်းရှင်က အလွန် အလိုက်သိခဲ့တယ်။ ရေအေးစက်က သူ့ဘေးဘက်မှာ ရှိခဲ့ပြီး၊ စက္ကူခွက်ကို ယူ၊ ရေနည်းနည်းဖြည့်ခဲ့ပြီး ကမ်းပေးခဲ့တယ်၊ "အစ်ကို နောင် ။ "

နောင်ပိုင် က ခွက်ကို ယူကာ သောက်ခဲ့ပြီး၊ သက်ပြင်းချ ညည်းညူရင်း၊"ကျန်းရှောင်းရှင်ကို လက်ညှိုးထိုးခဲ့ကာ၊
"မင်း ၊ "ဝမ်ကျန့်စံအိမ်" ဒီကိစ္စက . . .။ "

ကျန်းရှောင်းရှင်က စားပွဲကို တင်းတင်းကျပ်ကျပ် ကိုင်ခဲ့ပြီး ရင်နည်းနည်းတုန်ခဲ့ရင်း
"အစ်ကိုနောင်၊ အဲဒါ တကယ်ကို ကျွန်တော့် အပြစ်ပါ။ "

You've reached the end of published parts.

⏰ Last updated: Oct 17, 2021 ⏰

Add this story to your Library to get notified about new parts!

I Have A Happy Ending With The Mistress's Ex-Boyfriend ( Myanmar version)[MPREG]Where stories live. Discover now