အခန်း (၄) မြွေပွေး ခါးပိုက်ပိုက် ဖွတ်ထွက်မှ တောင်ပို့မှန်းသိ

20 6 0
                                    

အခန်း (၄) မြွေပွေး ခါးပိုက်ပိုက်

ဖွတ်ထွက်မှ တောင်ပို့မှန်းသိ

မျက်စိဖြူ ဝံပုလွေ သည် မြွေပွေး ခါးပိုက်ပိုက် / ဖွတ်ထွက်မှ တောင်ပို့မှန်းသိ တို့နှင့် အလားတူသည်။ ကျေးဇူးတရား မသိတတ်သူအား ဆိုလိုသည်။

_._

သူ့၏ ချော့မော့ပြောစကားများအောက်တွင်၊ နောက်ဆုံး၌ ရှောင်ဇီဟွာသည် ရုပ်ရှင်ကားကို ဆက်ရိုက်ရန် သဘောတူခဲ့သည်။ ကျန်းရှောင်းရှင်သည် ဇာတ်ဝင်ခန်းရိုက်နေစဉ် မောပန်းခဲ့သည်။ အကြောင်းမှာ ရိုးရှင်းလှခဲ့သည်၊ မင်းသားလေးသည် အလွန်ခစားရန် ခက်ခဲ့ကာ၊ ဒါရိုက်တာအား နေ့စဉ်နေ့တိုင်း ဆူပူနေခဲ့သည်။ အဓိကမှာ သူ့မိသားစုမှာ အကြီးဆုံးရင်းနှီးမြှုပ်နှံသူ ဖြစ်နေသေးသ၍၊ ဒါရိုက်တာသည် ဘာကိုမျှ မပြောရဲဝံ့ရာ၊ သူ့ကဲ့သို့ အရန်ဇာတ်ကောင်မှာ မည်သည်ကိုမျှ ပြောနိုင်မည်နည်း။

နေ့လည်ခင်းတွင်၊ ကျန်းရှောင်းရှင်သည် အလွန်မောပန်းခဲ့ပြီး မင်းသားလေးသည် ပဲတီစိမ်းသောက်ရန် ဆန္ဒရှိကြောင်း အော်ဟစ်နေဆဲပင် ဖြစ်သည်။ သူသည် ရွေးချယ်စရာ မရှိဘဲ၊ ပဲတီစိမ်းဝယ်ရန် ရိုက်ကွင်းမှထွက်ကာ တက္ကစီငှားရန် ပြင်ခဲ့သည်။ သူ့တွင် လက်ထောက်လည်း မရှိခဲ့ချေ၊ ထို့ကြောင့်ပင်၊ သူကိုယ်တိုင် သွားဝယ်ရန် လိုခဲ့သည်။ တက္ကစီတွင် ထိုင်နေရင်း၊ ကျန်းရှောင်းရှင်သည် အချိန်ကို တွက်ကြည့်ခဲ့ရာ၊ ရေခဲသေတ္တာထဲရှိ အစားအစာများ ကုန်သွားကြောင်းကို သတိရခဲ့၍၊ စားသောက်စရာအချို့ ဝယ်ရန် အချိန်ရောက်ခဲ့လေပြီ။

သူသည် သူ့အိတ်ကပ်ထဲမှ ဖုန်းကို ထုတ်ခဲ့ပြီး၊ ချူကျန်း၏ ဖုန်းနံပါတ်ကို မနှိပ်ခဲ့ခင်တွင် သူ အချိန်အတော်ကြာ တွန့်ဆုတ်နေခဲ့ပြီး၊နောက်တွင် ပထမ ဖုန်းမြည်သံအပြီးအကြာ တစ်ဖက်မှ ဖုန်းကိုင်ခဲ့သည်။ တစ်ဖက်တွင် ဆူညံသံများရှိနေခဲ့ပြီး၊ ချုကျန်းသည် အသံတိုးတိုးဖြင့် "ဟယ်လို၊ ရှောင်ရှင်?"

ကျန်းရှောင်းရှင်သည်" အွန်း " လို့ ထူးခဲ့ကာ
"ချစ်ပါ၊ ကိုချူ၊ နေ့လည်စာ စားပြီးပြီလား " ။

I Have A Happy Ending With The Mistress's Ex-Boyfriend ( Myanmar version)[MPREG]Where stories live. Discover now