အခန်း (၂) ရန်ဂန်၊ဒီနတ်ဆိုးကတော့!

36 12 0
                                    

အခန်း (၂) ရန်ဂန်၊ဒီနတ်ဆိုးကတော့!

ကျန်းရှောင်းရှင် တစ်ယောက် ကော်ရစ်ဒါဆီသို့ လျင်မြန်စွာ ဆုတ်ခွာခဲ့သည်။ သူ့ကိုယ်သူတောင် စတင် အထင်သေးသယောင် ဖြစ်ခဲ့သည်။သူသည် မည်သည်ကိုမှ အမှားမလုပ်ထားလျက်၊ဘာအတွက် အပြစ်ရှိစိတ်ဝင်ခဲ့မှန်း သူမသိချေ။သူသည် တပ်ပြေးကဲ့သို့ အလွန် ကြောက်ရွံ့ခဲ့သည်။ကော့တေးပါတီ၌ လူအများသည် ဝင်လိုက်ထွက်လိုက် ရှိခဲ့ရာ၊လူတိုင်းဝယ် ရည်ရွယ်ချက်ကိုယ်စီဖြင့် ရှေ့သွားလိုက် နောက်သွားလိုက်လုပ်နေခဲ့သည်မှာ၊အချို့က အဆက်အသွယ်ကောင်း ရဖို့ဖြစ်ခဲ့ပြီး အချို့မှာ အကျိုးအမြတ်အတွက် ဖြစ်သည်။

ကျန်းရှောင်းရှင်သည် သူ့အင်္ကျီအား ပြန့်အောင် ဖြန့်ခဲ့သည်။သူသည် ဒီနေရာကို ဒါရိုက်တာဝမ်အား လူရွေးပွဲ၌ အခွင့်အရေးဖို့ အကူအညီတောင်းရန် လာခဲ့သည်။သိပ်မဝေးသည့်တစ်နေရာတွင်၊နောင်ပိုင်သည် သူ့အလုပ်မိတ်ဆွေများကို နှုတ်ဆက်ခဲ့ပြီး သူ့အနုပညာရှင်လေးဆီသို့ လျှောက်လာခဲ့သည်၊ "ဘယ်လိုလဲ၊အဆင်သင့်ဖြစ်ပြီလား၊ငါ မင်းကို အစ်ကိုဝမ်နဲ့ မိတ်ဆက်ပေးတော့မယ်။"

ကျန်းရှောင်းရှင်သည် ခေါင်းငြိတ်ခဲ့သည်။

ကော့တေးပါတီ၏ ဘားနေရာတွင်၊အမျိုးမျိုးသော အရက်နှင့် ဝိုင်များဖြင့် ပြည့်နေသည့် အဖြူရောင်စားပွဲတစ်လုံး ရှိခဲ့သည်။အလှလေးများ စားပွဲကို ဝိုင်းလျက်ရှိကာ၊ခန့်ညားသော ကောင်လေးများလည်း ရှိခဲ့သည်။ဒါရိုက်တာဝမ်သည် အလှလေးများကို ဘယ်တစ်ယောက် ညာတစ်ယောက် ပွေ့ဖက်ကာ ဆိုဖာတွင် ထိုင်ခဲ့ပြီး၊အလှလေးများ၏ အရက်တိုက်ခြင်းကို ခံနေခဲ့သည်။သူ့တစ်ဖက်တွင် အကျိုးအမြတ်သာ ကြည့်တတ်သည့် ရန်ဂန် ထိုင်နေခဲ့သည်။ဒါရိုက်တာဝမ်နှင့် မတူသည်က၊သူ့ဘေး၌ အလှလေးများ ထိုင်နေခဲ့သော်ငြား၊ထိုအလှလေးများသည် ထိုင်ရုံသာ ထိုင်ခဲ့ပြီး သူ့နား မကပ်ဝံ့ပေ။

အကြောင်းမှာ၊သူ့ခွင့်ပြုချက်မရဘဲ မချဉ်းကပ်ဝံ့ရာ၊ထိုအရာမှာ ဘာကိစ္စဖြစ်ဖြစ် ချွင်းချက်မဟုတ်ပေ။ရန်ဂန်သည် အမှန်တကယ်ကို တစ်စိမ်းလူမှ သူ့အား ထိတွေ့ခြင်းကို မကြိုက်ပေ။အတိတ်၌ အမှန်ပင် သိမ်မွေ့သော အသွင်အပြင်ဖြင့် လူတစ်ဦးသည် သူ့ခွင့်ပြုချက်မရှိဘဲ ချဉ်းကပ်ရန် ကြိုးစားခဲ့ရာ၊ထိုသူမှာ ချက်ချင်းပင် အရိုက်ခံခဲ့ရပြီး ဆေးရုံသို့ တန်းပို့ခံခဲ့ရသည်။

I Have A Happy Ending With The Mistress's Ex-Boyfriend ( Myanmar version)[MPREG]Where stories live. Discover now