အခန်း (၁) က​​လေးသာသာ

65 8 0
                                    

အခန်း (၁) က​လေးသာသာ
Qiao Xin ​ရှောင်းရှင်
Xiao Xin ​ရှောင်ရှင်
​အေမြို့​တော် - ကျင်းရှု​ဒေသ

အခုလက်တ​​လောသည် ​ဆောင်းဦးကာလဖြစ်၍ ကျန်း​​ရှောင်းရှင်မှာ တိုက်ခန်းအိမ်ယာသို့ ​ကျောပိုးအိတ်ကြီးလွယ်လျက် ပြန်လာခဲ့ရာ ဓါတ်​​လှေကားထဲသို့ ဝင်ဝင်ချင်း နှာ​ချေခဲ့​လေသည်။ သူ့ကိုယ်ခံအားမှာ သူများထက်နိမ့်သဖြင့် အနီး၌ တစ်​​ယောက်က အ​အေးမိဖျားနာလျှင် သူသည် အရင်ဆုံးအကူးစက်ခံရမည့်သူ ဖြစ်​လေသည်။ကျန်း​ရှောင်းရှင်သည် တက်လာ​သော ဓါတ်​​လှေကားနံပါတ်များအား ကြည့်ရင်း သူ့နှာ​ခေါင်းကိုပွတ်ကာ အိမ်ပြန်​ရောက်လျှင် ​ဆေးကို ​စော​စောကြို​သောက်ထားရမည်ဟု ​တွေး​နေခဲ့သည်။

*ဒင်ဒင်*

ဓါတ်ေလှကားက ၁၉လွှာကို​ရောက်​​တော့ပွင့်သွားခဲ့ပြီး ကျန်း​ရှောင်းရှင် သည် လည်ပတ်ကိုတင်းတင်းစီးကာ ထို​နေရာမှ ထွက်လာခဲ့သည်။​ကော်ရစ်ဒါရှိ မီး​ရောင်မှာ အတော်လေးကို မှိန်ပျပျဖြစ်​​နေခဲ့သည်။သူသည် ပုံးတစ်ခုကို ကိုင်​​ဆောင်ထားခဲ့ရင်း တံခါး​ရှေ့တွင်ရပ်ကာ နှစ်ချက်​ခေါက်ခဲ့​သော်လည်း ပြန်​ဖြေသည့်အသံအား မကြားခဲ့ရ​ပေ။

သူသည် တစ်ခဏမျှ ​စောင့်ခဲ့သည့်​နောက်က် ပုံးကိုအာက်သို့ချခဲ့ပြီး ​သော့ခလာက်မှတစ်ဆင့် ​သော့ဖွင့်ဝင်ရန် လုပ်ခဲ့သည်။

"ကလစ်" ကျန်းရှောင်းရှင်တစ်ယောက် သော့ဖြင့်ဖွင့်ရန်လုပ်ခဲ့စဉ် တံခါးသည် အထဲမှပွင့်သွားခဲ့ပြီး သူ့နှာခေါင်းအားရိုက်မိမတတ်ဖြစ်ခဲ့သည်။

ချူကျန်းလို့ခေါ်သည့် ဆွယ်တာဝတ်ဆင်ထားသော အရပ်ရှည်ရှည် ရုပ်ချောချော အမျိုးသားတစ်ဦးမှာ သူ့အားမြင်သည့်အခါ အံ့သြသွားခဲ့ပြီး မေးခဲ့သည်မှာ "ချစ် ဘယ်လိုပြန်လာခဲ့တာလဲ"

ကျန်းရှောင်းရှင်မှာ ထိုစကားနောက်ကွယ်၏ အဓိပ္ပာယ်ကိုမသိခဲ့ဘဲ ပြုံးခဲ့ပြီး လက်ထဲမှ ပုံးကိုလှုပ်ခဲ့ကာ "အာချူ၊ကို့အတွက် ကိတ်မုန့် ဝယ်လာခဲ့တယ်၊ ​​ပျော်ရွှင်ဖွယ်​မွေး​နေ့​လေးပါ"

I Have A Happy Ending With The Mistress's Ex-Boyfriend ( Myanmar version)[MPREG]Where stories live. Discover now