အခန်း(၃) လိမ္မာရေးခြားရှိသော ကလေးတစ်ယောက်

24 9 0
                                    

အခန်း(၃) လိမ္မာရေးခြားရှိသော ကလေးတစ်ယောက်

ရန်ဂန်သည် အပိုလုပ်ခဲ့ခြင်း မဟုတ်ပေ။ ကျန်းရှောင်းရှင် အရင်ရောက်ခဲ့ ကြောင်း သူသိတယ်။ ဒီပေါက်စလေး သူများတွေ စကားပြော နေတာ ကြားနေခဲ့ရဲ့သားနဲ့ ဆက်နားထောင်ခဲ့လို့ အပြစ်ပေးတဲ့ အနေနဲ့ သတိပေးသလို စနောက်ခဲ့ရုံ။

ထိုပေါက်စ အတော်ကြောက်ပုံရမှ သူ သတိပေးတာကို ရပ်ခဲ့သည်။

သူသည် မတ်မတ် ရပ်ခဲ့ကာ လူကြီး လူကောင်း သဖွယ် ပြုံးခဲ့ကာ "ကောင်းပြီ။ ဦးက ဥပဒေကို လိုက်နာ ကျင့်သုံးတဲ့ ပြည်သူပြည်သား တစ်ယောက်။ မင်း စိတ်ထဲ ဘာတွေ အတွေးလွန် ။ "

သူ့ဘေးရှိ မိတ်ဆွေကလည်း ဝိုင်းပြောပေးခဲ့ရာ "ဒီတစ်ခါတော့ ထားလိုက်တော့၊နောက်တစ်ကြိမ် မင်းခိုးနားထောင်ရင်သာ သူ့ဆီမှာ အဖမ်းမခံရစေနဲ့။"

ကျန်းရှောင်းရှင်သည် မိမိမှာ ခိုးနားထောင်သည့် အကျင့်မရှိကြောင်း ပြောခဲ့ချင်သော်ငြား မပြောဝံ့ရာ သူ ခေါင်းသာငြိမ့်ပြနိုင်ခဲ့သည်။

ပါတီပွဲမှာ မကြာခင်တွင် ပြီးတော့မည်ဖြစ်၍ ရန်ဂန်သည် ထိုနေရာ၌ ကြာကြာနေရန် အစီစဉ်မရှိသဖြင့် သူ့မိတ်ဆွေနှင့်အတူ ပြန်သွားခဲ့သည်။

၎င်းအခန်းကျဉ်းလေးထဲတွင် ကျန်းရှောင်းရှင်သည် သက်သာရာ လေရူထုတ်ခဲ့ပြီး အပြင်သို့ထွက်ရန် ပြင်ခဲ့ရာ၊ သူခြေလှမ်း အနည်းငယ်မှ လှမ်းခဲ့ချိန်တွင် မာကျောသည့် အပိုင်းအစတစ်ခုကို တက်နင်းမိခဲ့သည်။ သူငုံ့ကြည့်ရာ ၎င်းမှာ ပိုက်ဆံအိတ်ဖြစ်ကြောင်းကို တွေ့ခဲ့သည်။

ကော်ဇောပေါ်တွင် အနက်ရောင် သားရေအိတ် ရှိနေခဲ့သည်။သားရေသားမှာ အလွန်ချောမွေ့သည်။ သူသည် ၎င်းမှာ ရန်ဂန့်ပစ္စည်းဟု ခန့်မှန်းနေစရာပင် မလိုချေ။ ကျန်းရှောင်းရှင်သည် ထိုသားရေအိတ်ကို လက်ဖျားဖြင့် ပွတ်သပ်ရင်း အတွေးဝင်နေခဲ့ပြီးနောက်၊ထိုသူနှစ်ဦးနောက်သို့ လိုက်ပေးရန် ဆုံးဖြတ်ခဲ့သည်။ သို့သော်ငြား ထိုသူတို့ ထွက်သွားသည်မှာ ကြာပြီဖြစ်၍၊ သူသည် သက်ပြင်းကို အသာချလျက်
" ငါ ဒီတစ်ကြိမ်ဆို ခါးပိုက်နှိုက် မဟုတ်ရင် အခွင့်​​ကောင်းယူသူလို့ အမြင်ခံရမလား မသိ။"

I Have A Happy Ending With The Mistress's Ex-Boyfriend ( Myanmar version)[MPREG]Where stories live. Discover now