မျက်နှာချင်းဆိုင်မုသား

62 4 0
                                    

🖤𝑳𝒐𝒗𝒆𝒍𝒚 𝑷𝒐𝒊𝒔𝒐𝒏🖤

𝐄𝐩𝐢𝐬𝐨𝐝𝐞 4

တစ်ချိန်က ကမ္ဘာပေါ်မိစ္ဆာတွေစိုးမိုးခဲ့သည်...။
လူသားတွေဟာ အင်အားကြီးတဲ့မိစ္ဆာတွေကိုပြန်လည်မတိုက်ခိုက်နိုင်ခဲ့ဘူး...။
မိစ္ဆာတွေဟာလူသားတွေကိုစားသုံးပြီးကမ္ဘာမြေကို သွေးစွန်းစေခဲ့သည်...။

လှပတဲ့တောတောင်ကို သွေးနဲ့ခြယ်ပြီး အပြာရောင်ပင်လယ်ပြင်ကိုသွေးပင်လယ်ဖြစ်စေခဲ့၏...။

လူသားမျိုးနွယ်ကြီးအတွက် မျှော်လင့်ချက်အလင်းရောင်လေးပျောက်ဆုံးတော့မယ့်အခိုက်မှာ အာသီနာနတ်ဘုရားမဟာ လူ့ကမ္ဘာဆီဆင်းသက်လာခဲ့သည်...။

အာသီနာနတ်ဘုရားမဟာ သူမရဲ့အစောင့်အရှောက်နတ်သားရဲကြီးလေးပါးနှင့်အတူမိစ္ဆာများကို နှိမ့်နင်းခဲ့လေသည်...။
အာသီနာနတ်ဘုရားမဟာ မိစ္ဆာဘုရင်ကို သူမရဲ့အသက်စွမ်းအားဖြင့်ချိတ်ပိတ်ခဲ့ပြီး လူသားတွေအတွက်အနာဂတ်မီးစလေးထွန်းပေးခဲ့၏...။

ဒါပေမယ့် တိုက်ပွဲမှာသူမဟာဒဏ်ရာကြီးကြီးရခဲ့ပြီး နတ်ဘုရားဘုံကိုပြန်လည်သွားရမည့်အဖြစ်ကိုရောက်လာခဲ့သည်...။

မိစ္ဆာဘုရင်ကြီးကိုချိတ်ပိတ်လိုက်သည်ကာမှု မိစ္ဆာသေးသေးလေးတွေကကျန်ရှိနေသေးတုန်း...။

အာသီနာနတ်ဘုရားမဟာ လူသားတွေအတွက်သူမရဲ့ သားရဲလေးပါးရဲ့စွမ်းအားများကိုပေးသနားပြီး မိစ္ဆာများကိုနှိမ့်နင်းနိုင်ဖို့အခွင့်အရေးပေးခဲ့၏...။
သားရဲလေးပါးဟာအပြာရောင်နဂါး၊ အနက်ရောင်လိပ်ကြီး၊ အနီရောင်ဗီးနစ်ဌက်ကြီးနဲ့
မိုးကြိုးကျားဖြူကြီး...။

အပြာရောင်နဂါးကြီးရဲ့စွမ်းအား ရေမှော်
အနက်ရောင်လိပ်ကြီးရဲ့စွမ်းအား မြေမှော်
အနီရောင်ဗီနစ်ဌက်ရဲ့စွမ်းအား မီးမှော်
အဖြူရောင်ကျားကြီးရဲ့စွမ်းအား မိုးကြိုး
မှော်ဆိုပြီး မှော်စွမ်းအားလေးမျိုးကိုချန်ထားခဲ့၏...။

ထိုနောက်အာသီနာနတ်ဘုရားမဟာနတ်ဘုရားဘုံကိုပြန်သွားခဲ့သည်။

သားရဲကြီးလေးပါးဟာလည်း အရှေ့၊အနောက်၊တောင်၊မြောက်ဆိုတဲ့နေရာအသီးသီးမှာ ထာဝရအိပ်စက်ခဲ့ပြီး သူတို့ရဲ့အစအနကိုရှာမတွေ့တော့ချေ...။

Lovely PoisonWhere stories live. Discover now