တပ်မက်ခြင်းအဆိပ်

105 4 0
                                    

☠️ 𝐿𝑜𝑣𝑒𝑙𝑦 𝑃𝒐𝒊𝒔𝑜𝑛 ☠️

Episode 1

''သခင်မလေး!? ဒီအောက်တန်းစားကို ဘာထပ်လုပ်ပေးရမလဲ''

''ကျွန်တော် အဆိပ်ပြင်းပြင်းပါပြင်ထားပါတယ်''

အင့်...ဘယ်သူကငါ့နားထဲလာပြောနေတာလဲ။
နားယားတယ်လို့!!

မှေးတေးတေးမျက်လုံးများကပွင့်လာလေ၏။
အခုမှအိပ်ရာနိုးလာတဲ့ ခံစားချက်ကြီးနှင့် မျက်စိရှေ့မှာမှုန်ရီမှုန်ရီမြင်ကွင်းကိုလည်းသေချာမမြင်ရ...

''သခင်မလေး...အဆိပ်ရည်တိုက်လိုက်ရတော့မလား''

''ဟမ်?? ဘာ...အဆိပ်??''

ခုနကတည်းကနားနံဘေးမှာလာကပ်ပြောနေတာတွေကိုနားမလည်ပဲ အဆိပ်ဆိုတဲ့စကားကိုလည်းကြားရော ပြောနေတဲ့သူကိုဖျတ်ခနဲ့ကြည့်မေးလိုက်ပေမယ့်...

ဟင်?? ဘယ်သူကြီးလဲဒီမိန်းကလေးက...။
ဝတ်ထားတာကလည်းထူးဆန်းတယ်။
နိုင်ငံခြားတော်ဝင်ဂါဝန်ရှည်ကြီး...

''သခင်မလေးပြင်ခိုင်းထားတဲ့အဆိပ်လေ''

''ငါက??''

ငါကသခင်မလေး??
ဘာတွေပြောနေတာလဲ...။
ငါဘယ်ကိုရောက်နေတာလဲ...။

ဘေးပတ်ပတ်လည်ကိုမျက်စိကစားကြည့်တဲ့အခါမှာတော့ မျက်စိရှေ့တည့်တည့်မှာရှိနေသောလူငယ်တစ်ယောက်သည် ဒဏ်ရာပလက်ဗွနဲ့ သွေးအလူးလူးဖြစ်နေသည်။

အမေလေး!!

ဒူးနှစ်ဖက်ကို အပြစ်သားပမာ ထောက်ထားရ တဲ့အပြင် လက်နှစ်ဖက်ကိုလည်းသံကြိုးနဲ့ခတ်ထားသေး၏...။
လည်ပင်းမှာလည်းခွေးတစ်ကောင်လို့သံကြိုးနဲ့ခတ်ထားသေးသည်။

ဒါကဘာကြီးလဲ!!

ဟင်?? ခဏနေပါဦး။
အဲဒီကလေးက...သူ့မျက်လုံးတွေက...

အနီရောင်ပတ္တမြားလို့တောက်ပနေပြီး စိုက်ကြည့်မိရင် အဆိပ်မိမတတ်လှပတဲ့မျက်ဝန်းတွေ...။
ပြီးတော့ညနက်ရဲ့တိတ်ဆိတ်ခြင်းအရောင်အတိုင်းနက်မှောင်တဲ့သူ့ဆံပင်တွေအရ...

ဟင့်!!!
Poison...!!!

ဟုတ်တယ်...အဲဒါ poison ပဲ...။
Poison ကငါ့မျက်စိရှေ့မှာရောက်နေတယ်။
အဲဒီတော့ဆိုလိုရင်းသဘောက ငါဝင်စားတာအောင်မြင်လိုက်တာပေါ့။

Lovely PoisonWhere stories live. Discover now