နူးညံသောရာဇသံ

67 7 0
                                    

🖤𝑳𝒐𝒗𝒆𝒍𝒚 𝑷𝒐𝒊𝒔𝒐𝒏 🖤

𝙀𝙥𝙞𝙨𝙤𝙙𝙚 3

''မင်းတော်တော်အပြောကြီးတာပဲကောင်မ လေး...၊ အဲဒီလောက်ထိအာမခံချက်ပေးနေမှတော့...ပြောကြည့်စမ်းပါ...လှို့ဝှက်ပုလဲကျွန်းကဘယ်မှာလဲဆိုတာ...''

အနာထိသွားတဲ့အတိုင်း ချားလစ်ရဲ့အသံကအနည်းငယ်ကျယ်သွားလေ၏...။
ချားလစ်ရဲ့စိတ်ကိုဆွလိုက်နိုင်တာမို့ စတယ်လာ ကျေနပ်စွာပင်ပြုံးစိစိဖြစ်သွားရင်း...

''လာမယ့် လကွယ်ညကျရင် ခေါင်းနှစ်လုံးကျွန်းရဲ့အနီးမှာဆုံကြတာပေါ့...အဲဒီမှာရှင်လိုချင်တဲ့ပုလဲကျွန်းကိုတွေ့ရလိမ့်မယ်''

ခေါင်းနှစ်လုံးကျွန်း??

''ခေါင်းနှစ်လုံးကျွန်းဆိုတာ!?''

အားလုံးမျက်လုံးပြူးကုန်လေ၏...။

''ဟေ့...မင်းရူးနေတာလား!!''

ချားလစ်ဘက်က လူကအသံကျယ်ကျယ်ဖြင့် ဝင်ပြော၏...။

''ခေါင်းနှစ်လုံးကျွန်းဆိုတာ လမိုက်ညမှာပဲပေါ်တဲ့အဲဒီသေမင်းခေါင်းနှစ်လုံးကျွန်းကိုပြောတာလား''

''ဟုတ်တယ်လေ"

''ဘာ!! အဲဒီကျွန်းကသွားတာနဲ့ သေမင်းနဲ့တန်းတိုးတာ!!''

''ဟုတ်တယ်ကွ...ပင်လယ်မှာကျက်စားတဲ့သူတိုင်းသိတယ်...၊ မင်းငါတို့ကိုဂျင်းလာထည့်နေတာလား...၊ အဲဒီကျွန်းကပုံမှန်ဆိုတောင်တစ်လုံးပဲရှိပေမယ့် ​လမိုက်ညမှာပဲနောက်တောင်တစ်လုံးကဘယ်ကပေါ်လာတယ်မသိဘူး...တောင်နှစ်လုံးပုံကခေါင်းနှစ်လုံးနဲ့တူလို့လမိုက်ညရဲ့ခေါင်းနှစ်လုံးကျွန်းလို့ခေါ်ကြတာ...''

''ပြီးတော့အဲဒီလမိုက်ညမှာအဲဒီကျွန်းကိုသွားတဲ့သူတိုင်းက ဆဲရမ်သားရဲတွေရဲ့အစာဖြစ်ပြီးပြန်လမ်းမရှိတဲ့​သေမင်းခေါင်းနှစ်လုံးကျွန်းကွ!!''

အပြည့်အစုံကိုမိတ်ဆက်ပြသွားသော်လည်း စတယ်လာကမျက်နှာအမှုအရာတစ်ချက်ပျက်မသွားတဲ့အပြင် လှောင်ပြုံးလေးဖြင့်...

''ဟုတ်တယ်လေ...ဘာလဲ...ကြောက်လို့လား''

သူမစကားကြောင့် ချားလစ်မျက်ခုံးနှစ်ဖက်လုံးပင့်သွားပြီး...မခံချင်စိတ်ကိုထိသွားပြီး၊

Lovely PoisonWhere stories live. Discover now