❗ Promo❗
အသက်၃၀ ပြည့်ပြီးဖြစ်တဲ့ ကျွန်မဟာ သာမန်လခစားဝန်ထမ်းတစ်ယောက်ပါ...။
ဒါပေမယ့်အများမတူပဲ ထက်မြက်တဲ့မိန်းမသားတစ်ယောက်ပေါ့...ယောင်္ကျားတွေဆိုရင်ချေမိုးခါချပစ်နေတဲ့
wonder women ပေါ့...။ဒါပေမယ့် ဘယ်သူမှမသိတဲ့ လှို့ဝှက်ချက်တစ်ခုကျွန်မမှာရှိတယ်..။
အဲဒါက...
''အားးးးးးး...poison ငါ့အသဲလေး!!!''
''အမေလေး...ချောလိုက်တာ...၊ ဒီကမာမီအသက်ထွက်တော့မှာပဲ...ဘာလို့အဲလောက်တောင်ချောနေရတာလဲ!!!''
ဟုတ်ပါတယ်...ကျွန်မက otaku ပါ...။
(otaku- ဝတ္ထုဇာတ်ကောင်နှင့်ကာတွန်းဇာတ်ကောင်များကိုစွဲလမ်းနေသူ...)
The density of poison empresser
(အဆိပ်ဘုရင်ရဲ့ကံကြမ္မာ) ဆိုတဲ့ ဇာတ်လမ်း၊
လွန်ခဲ့တဲ့ ၇နှစ်က ထွက်ခဲ့တဲ့ဝတ္ထုရှည်တစ်ပုဒ်။
Fantasy ဇာတ်လမ်းကြိုက်သူများကြားလုံးဝနာမည်ကြီးခေတ်စားခဲ့၏...။နန်းကျမိဖုရားနဲ့ရှင်ဘုရင်နဲ့ရခဲ့တဲ့ကလေး...
မွေးမွေးချင်း အမေနို့နဲ့အတူအမေ့သွေးတွေကိုပါသောက်သုံးခဲ့ရတဲ့ကလေး...
ဘဝတစ်လျှောက်လုံးအသက်လုပြေးရင်း နောက်ဆုံးရှင်ဘုရင်ရဲ့ပုလ္လင်မှာထိုင်နေပြီး
ဧကရာဇ်ဖြစ်လာမယ့် ကလေး...ထိုကလေးက ခေါင်းဆောင်မင်းသား
Poison ဖြစ်တယ်...။
နာမည်က poison (အဆိပ်) တဲ့လေ...''ဟုတ်တယ်...မမရဲ့နှလုံးသားလေးကို ညို့ယူဖမ်းစားခဲ့တဲ့အဆိပ်ကလေး...ချစ်လိုက်တာအဆိပ်ကလေးရယ်...''
ကျွန်မဘဝတစ်လျှောက်လုံး poison နဲ့ပဲဖြတ်သန်းခဲ့တယ်...။
ခက်ခဲတဲ့အချိန်...ပျော်ရွင်တဲ့အချိန်...ကျရှုံးတဲ့အချိန်...အောင်မြင်တဲ့အချိန်...တစ်ချိန်လုံး poison နဲ့ပဲအတူရှိနေခဲ့တာ...။
poison က ကျွန်မရဲ့ထာဝရ...
ထာဝရ...
ထာဝရ...ချစ်ရသူပဲ...ရေးးးးးးThe density of the poison empresser
❗အပိုင်းသစ်❗
''ဟင့်!!''
စာရေးဆရာဆီကနေ ပုံမှန်တင်နေကျမဟုတ်ပဲ ရုတ်တရပ် တင်လာခဲ့တဲ့ အပိုင်းသစ်...
''ဘာ...ဘာ...ဘာလဲ ဒါကြီးက!!"
''ဘာလို့...ဘာလို့ poison ကသေရမှာလဲ!!
ဟင့်...ဘာ..ဘာလို့လဲ!!"စာနာမှုမရှိတဲ့စာရေးဆရာရဲ့လက်ထဲ poison ကသေသွားခဲ့တယ်...။
အဲဒီအချက်ကို ဘယ်လိုမှလက်မခံနိုင်တဲ့ငါက စာရေးဆရာအိမ်ရှေ့သွားပြီးဆန္ဒပြခဲ့တယ်...။(poison ကိုပြန်ရှင်အောင်လုပ်ပေး!!!)
(poison ပြန်ရှင်ရေး ဒို့အရေး...ဒို့အရေး)
ငါလည်ချောင်းကွဲအောင်အော်နေပေမယ့်ဂရူတောင်မစိုက်တဲ့စာရေးဆရာ...
ငါအစာငတ်ခံပြီးဆန္ဒပြပြန်တယ်...။အဲဒီကျေးဇူးနဲ့...
''ဂုဏ်ယူပါတယ်...သင်သေသွားပါပြီး''
''ဟင်??🙂''
ငါသေသွားခဲ့တယ်...။
''why why😭😭...poison ကိုမကယ်ရသေးဘူး...သေနာကောင်စာရေးဆရာရဲ့ဖင်ကိုလည်းဆောင့်မကန်ရသေးဘူးလို့...why! why!! ဘုရားသခင်...''
''အားပြဲစိန်နဲ့မင်းငိုမနေလည်း မင်းဆန္ဒကိုဖြည့်ပေးလို့ရတယ်...''
''what😳!!''
''မင်း ကယ်ချင်တဲ့သူရှိတယ်မလား...၊ ကယ်ချင်ရင် မင်းလက်နဲ့မင်းကယ်''
''ဟင်??''
ဘုရားသခင်က ကျွန်မ နားညီးလို့ ပေးလိုက်တဲ့ဆု...
poison ကိုကယ်နိုင်မယ့်ဆု...
poison ရေ!!! မမလာပြီး...မာမီလာပြီး!
''ဟင့်!!"
ငါနိုးလာပြီး...။
ငါပြန်နိုးထလာပြီး...
ပြန်မွေးဖွားလာပြီး...poison ရှိတဲ့ကမ္ဘာဆီမှာ...
poison ကိုယ်တိုင် လည်ဖြတ်သတ်မယ့်
ပထမဆုံး ဗီလိန်မကြီးအဖြစ်နဲ့ပေါ့...''ဘုရားသခင်ရေ...🙂...ဒါပဲ🖕''
Coming Soon