Episode 48[Unicode/Zawgyi]

418 21 0
                                    

Unicode

စိုင်းမှာ ထမင်းဘူးကို ဖွင့်လိုက်ရင်း ဟင်းအနံ့လေးကြောင့် အနည်းသယ် စိတ်ကြည်သွားသည်။

လှိုင်းခတ်သံက ထမင်းဘူးမပို့နဲ့တော့လို့ ပြောတုန်းကတော့ လက်ခံခဲ့ပြီး အမှန်တွင်တော့ အလုပ်သွားခါနီးတိုင်း သူ့လက်ထဲတွင် ထမင်းဘူးက ရောက်လာမြဲပင်။

စိုင်းမှာ တစ်ခါတရံတွင်တော့ လှိုင်းခတ်သံကို ရင်ခုန်မိပါသည်။ သို့သော်လည်း ယောက်ျားသားနှစ်ယောက်၏ ဆက်ဆံရေးက ဘယ်လိုမှ မြဲနိုင်မည်မဟုတ်ဘဲ တစ်ချိန်ချိန်မှာတော့ ပြိုကွဲသွားလိမ့်မည် ဖြစ်သည်။

သူ ထိုအချိန် စဉ်းစားလိုက်ချိန်မှာပင် မူးနှောက်လာသည့် ခေါင်းကြောင့် ထမင်းဘူးဖွင့်နေ လက်တို့က ရပ်တန့်သွားရသည်။

'စိုင်း ကိုယ့်ကို မမှတ်မိဘူးလား'

'အင်း.. ကိုယ်လည်း အဲ့လို ထင်တာပဲ.. အဘွားကြီးပုံက အကျင့်ယုတ်မဲ့ပုံ'

'ကိုယ်ချစ်တဲ့သူက ကိုယ့်ကြောင့် ဒဏ်ရာရသွားတယ်လေ.. အဲ့ဒါကြောင့် ကိုယ့်ကိုယ်ကို အပြစ်ပေးလိုက်တာ'

စကားသံတို့က ဝေဝါးစွာပင်။ မည်သူပြောလို့ ပြောမှန်းပင် မသိနိုင်အောင် သူ ထိုစကားတို့ကို မမှတ်မိပါချေ။

သို့သော်လည်း ထိုစကားသံတို့က သူ့ဦးနှောက်ထဲ မည်သို့ရောက်လာရသနည်း။

ထိုစကားသံတို့ တိတ်ဆိတ်ပြီးနောက်တွင် သူ ခေါင်းကိုက်သက်သာလာသည်။ သို့သော်လည်း ရုတ်တရက်ပင် ခေါင်းထဲမှ 'စူး'ကနဲ ခံစားချက်တို့နှင့်အတူ သူ မကြားချင်မှအဆုံး အသံတစ်ခုက ဝင်ရောက်လာသည်။

'ငါ့ကို ပြန်ဖြေ... မင်းက ဘယ်သူလဲ'

'မင်းက သူလို့'

'မင်းနာမည်က... ရှိုင်းအံ့'

ထိုနာမည်ကို ကြားပြီးသွားသည်နဲ့ သူ့ကမ္ဘာသည် အမှောင်ကျသွားတော့သည်။

*******

လှိုင်းခတ်သံမှာ စိုင်း မူးလဲသွားသည်ဆိုသည့် သတင်းကြောင့် လုပ်လက်စအကုန် ပစ်ချကာ ဆေးရုံကို ရောက်လာခြင်းပင်။

ခေါင်းစဉ်မရှိပါ\ေခါင္းစဉ္မရွိပါ [Completed]Where stories live. Discover now