Episode 13 [Unicode/Zawgyi]

720 34 0
                                    

Unicode

"အဲ့ဒါ‌ဆိုရင် ဟိုတစ်နေ့က ဘာလို့ စိုင်းစက္ကဆိုင်းက ဆူပုတ်ပြီး ဟိုလူ့မဲလိုက် ဒီလူ့မဲလိုက် ဖြစ်နေတာ‌လဲ ပြီးတော့.. မင်း အပြစ်လုပ်ထားတဲ့ မျက်ခွပ်နဲ့ သက်ပြင်းတွေ တဟင်းဟင်းချပြီး စိုင်းစက္ကဆိုင်းကို ခိုးခိုးကြည့်နေတာလေ"

ရောင်မင်းခန်း၏ စကားကြောင့် စိုင်းက ဟူ့ဘေးရှိ လှိုင်းခတ်သံကို ကြည့်လိုက်သည်။ လှိုင်းခတ်သံ၏ မျက်နှာက အနည်းငယ် ရဲလာကာ သူ၏ Result Card ကိုသာ ဖတ်စာအုပ်ကြားထဲ ညှပ်ရင်း ဘာစကားမှ ပြောမလာတော့။
ထိုသို့ပုံစံကြောင့် စိုင်း လှိုင်းခတ်သံပုခုံးကို တွန်းပြီး စလိုက်သည်။

"တကယ် အဲ့လိုကြီး ဖြစ်နေတာပေါ့"

လှိုင်းခတ်သံက သူ့ကိုစလာသည့် စိုင်းကို ဘာစကားမှ ပြန်မပြောဘဲ သူ့စာအုပ်ကိုသာ လွယ်အိတ်ထဲ ပြန်ထည့်နေလေသည်။ လှိုင်းခတ်သံ စိတ်ဆိုးသွားမည်စိုး၍ သူလည်း ထပ်မစတော့ဘဲ လိုရင်းကိုသာ ပြောလိုက်တော့သည်။

"ကိုကြီး ကျွန်တော့်ကို မုန့်ဝယ်‌ကျွေးရမှာနော်"

"အင်း"
သူ့ကို ထပ်မစတော့တာကြောင့် လှိုင်းခတ်သံလည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။

"ဟေ့ကောင် ငါ့ကိုလည်း ဝယ်ကျွေးရမှာနော်"

ဖြတ်ပြီး ဝင်ပြောလာသည့် ရောင်မင်းခန့်ကို လှိုင်းခတ်သံက တစ်ခွန်းသာ ပြန်ပြောလိုက်သည်။

"မ‌ကျွေးဘူး"

လှိုင်းခတ်သံစကားကြောင့် ရောင်မင်းခန့်က မျက်နှာမဲ့သွားသည်။

"အေးပါ ရပါတယ် ငါကပဲ သဘောထားကြီးကြီးနဲ့ ဒီအမိုက်အမဲလေးတွေကို ခွင့်လွှတ်ပေးလိုက်ပါ့မယ်"

"မင်းသဘောထားကြီးတာ ငါသိပါတယ် ခန့်ခန့်ရာ ငါတို့ခန့်ခန့်လေးက စိတ်ထားက ဖြူစင် ရုပ်ချောတဲ့ရည်းစားကလည်းရှိတော့ ..."

"တော်..တော်လိုက်တော့ ဟေ့ကောင် အဲ့နာမည်ကို ထပ်မခေါ်နဲ့တော့ မဟုတ်ရင်နော်."

ရောင်မင်းခန့်၏ စကားမဆုံးခင် လှိုင်းခတ်သံက ဝင်ပြောလိုက်သည်။

ခေါင်းစဉ်မရှိပါ\ေခါင္းစဉ္မရွိပါ [Completed]Wo Geschichten leben. Entdecke jetzt