Unicode
"အဲ့လိုလား"
သူ ငြီးငြူလိုက်သည်။ သူတကယ်ကြီး စာကူးရမှာ ပျင်းလေသည်။
"ငါလည်း ကူကူးပေးပါ့မယ် အင်္ဂလိပ်က သုံးအုပ်ထားရတယ် Exercise စာအုပ်ရယ် Essay စာအုပ်ရယ် Meaning စာအုပ်ရယ် ငါမင်းကို Meaning ရယ် Essay ရယ် ကူးပေးမယ်လေ"
"တကယ်လား ကျေးဇူးပါခင်ဗျ"
"မင်းအခုကတည်းက ထုတ်ကူးသင့်တယ် စာအုပ်အသစ်တွေ ပါတယ်မလား"
"ပါတယ် ပါတယ်"
သူ စာအုပ်များကို ခပ်မြန်မြန်ထုတ်လိုက်သည်။ ပြီးသည်နှင့် သူတို့နှစ်ယောက် စာစရေးကြသည်။ အစ်ကိုကြီးသည် အကျင့်ကသာ တစ်မျိုးဖြစ်သော်လည်း သဘောကတော့ အလွန်ကောင်းပေသည်။ သူ နားမလည်သည့်စာများကိုလည်း တစ်ခါတည်း ရှင်းပြပေးသွားသည်။ သူတို့ စာပြန်ကူးနေရင်းနှင့်ပင် ဆရာမက ပြန်ရောက်လာသောကြောင့် စာပြန်ကူးခြင်းကို ရပ်တန့်လိုက်သည်။ ဆရာမကတော့ အသွားတုန်းက မဲ့သလောက် အပြန်ကျတော့ ပြုံးရွှင်လို့။ ဆရာမသည် တစ်ခန်းလုံးကို ကြည့်လိုက်ရင်း
"ဆရာမမှာ သတင်းကောင်းပါတယ် နားထောင်ချင်ကြလားဟင်"
"နားမထောင်ချင်ပါဘူး"
တစ်ခန်းလုံးက သံပြိုင်အော်လာသောကြောင့် 'နားထောင်ချင်ပါသည်' ဟု အော်တော့မည့် စိုင်းပါးစပ်ပင် ပိတ်သွားသည်။ ဆရာမကတော့ စိတ်ဆိုးဟန်မရှိ။ ခပ်ပြုံးပြုံးနှင့်ပင် ပြန်လည်ချေပလာသည်။"မင်းတို့ မကြားချင်လည်း ဆရာမကတော့ ပြောရမယ်ကွယ်"
ဆရာမသည် ပြောရင်း သူတို့ကို အဓိပ္ပာယ်ပါပါ တစ်ချက်ကြည့်လိုက်သည်။ ပြီးတော့ ဆက်ပြောသည်။
"ဒီလကုန်ရင် မင်းတို့ စာမေးပွဲဖြေရမယ်"ဆရာမ၏ စကားကြောင့် ယောကျာ်းလေးအများစုမှာ မျက်လုံးမျက်ဆံပြူးသွားကြသည်။
ဆရာမကတော့ သူတို့အား ဂရုမစိုက်စွာပင် ဆက်ပြောနေလျက်။
"အဲ့ဒီစာမေးပွဲမှာ မေးခွန်းလေးစုံ မပေးရပါဘူးတဲ့"
ဒီအခါတွင်တော့ မိန်းကလေးအချို့ပါ အသံထွက်လာကြသည်။ ယောကျာ်းလေးများကလည်း
YOU ARE READING
ခေါင်းစဉ်မရှိပါ\ေခါင္းစဉ္မရွိပါ [Completed]
RandomStart Date 2.9.2023 End Date 6.4.2024 ဘဝမှာ ကံကြမ္မာဆိုတာကို မင်းနဲ့တွေ့ပြီးမှ ယုံကြည်လာတာမို့လို့ ကံကြမ္မာကို ယုံကြည်မှုပျောက်အောင် မလုပ်ဖို့ တောင်းဆိုပါတယ် လှိုင်းခတ်သံ ဘဝမွာ ကံြကမ္မာဆိုတာကို မင်းနဲ့တွေ့ပြီးမှ ယွုံကည်လာတာမို့လို့ ကွံကမ်မာကို ယွုံ...