Episode 16 [Unicode/Zawgyi]

635 37 2
                                    

Unicode

"Future Tense ရဲ့ Pattern က ဘာလဲ"

လှိုင်းခတ်သံ၏ မေးခွန်းကြောင့် စိုင်း ရူးချင်သွားသည်။
"ဟို.. Future Tense က ဘာလဲ"

"စိုင်းစက္ကဆိုင်းရေ..မင်း အဲ့ဒါကို မသိဘူးလို့တော့ မပြောနဲ့နော်"

အံဩသည့်ဟန်ဖြင့် ပြောလာသည့် လှိုင်းခတ်သံကြောင့် သူ ခပ်တိုးတိုးသာ ပြန်ဖြေနိုင်တော့သည်။
"ကိုကြီးကလည်း ကျွန်တော်မှ မသိတာ"

"အဲ့ဒါဆို ဟိုတစ်နေ့က My ambition (ကျွန်ုပ်၏ ရည်မှန်းချက်) ဆိုတဲ့ essay ကို မင်းဘယ်လို ရေးလာတာလဲ"

"အဲ့ဒါက... Essay စာအုပ်ထဲက ကူးချထားတာလေ"

"မင်း Essay စာအုပ်တွေ အကုန်ထုတ်လာခဲ့"

"ဟင် ဘာလုပ်မလို့လဲ"

"ဒီတိုင်း ကြည့်မလို့"

"ဪ ခဏနော် သွားယူလိုက်ဦးမယ်"

ပြောပြီး ဗီရိုထဲမှ ခက်ခက်ခဲခဲ ယူထုတ်လာသည့် စာအုပ်အိတ်ကြီးကြောင့် လှိုင်းခတ်သံ စကားတောင် မပြောနိုင်တော့။

"မင်း ဘယ်နှအုပ်တောင် ဝယ်ထားတာလဲ"

"လေးဆယ့်နှစ်အုပ်ထဲပါ"

လှိုင်းခတ်သံ အနည်းငယ် ထိတ်လန့်နေပြီးမှ စိုင်းကို ကြည့်ကာ ခပ်မာမာ ပြောလိုက်သည်။
"ငါ ပြန်ရင် အဲ့စာအုပ်တွေ အကုန်ယူသွားမှာ"

"ဟင် ဘာဖြစ်လို့လဲ"

"ဘာမှမဖြစ်ဘူး မနက်ဖြန်ကျရင် A place that I want to go(ကျွန်ုပ်သွားချင်သော နေရာတစ်ခု) ဆိုတဲ့ essay ကို စာနှစ်မျက်နှာ ရေးခဲ့ "

"ကျွန်တော်က ဘယ်လိုရေးတတ်မှာလဲ"

"မသိဘူး ကြိုက်သလိုသာ ရေးလာခဲ့ ဒါပေမဲ့ အဲ့ဒါက မင်းကိုယ်တိုင် ရေးထားတာပဲ ဖြစ်ရမယ် ဘယ်သူ့ကိုမှ မမေးရဘူး"

"ကျွန်တော် မရေးတတ်.."

"လုပ်တောင် မလုပ်ရသေးဘူး မရတာက အရင် ပြောပြီးသား ရေးလာခဲ့နော် မရေးလာရင် မင်း ငါ့ကို မလေးစားဘူးလို့ သတ်မှတ်လိုက်မှာ"

စိုင်းမှာ အထွန့်တက်ချင်သော်လည်း လှိုင်းခတ်သံ၏ နောက်ဆုံးစကားကြောင့် ဘာမှဆက်မပြောဖြစ်တော့။

ခေါင်းစဉ်မရှိပါ\ေခါင္းစဉ္မရွိပါ [Completed]Where stories live. Discover now