Lovely Poison

57 4 0
                                    

❗ Promo❗

အသက်၃၀ ပြည့်ပြီးဖြစ်တဲ့ ကျွန်မဟာ သာမန်လခစားဝန်ထမ်းတစ်ယောက်ပါ...။
ဒါပေမယ့်အများမတူပဲ ထက်မြက်တဲ့မိန်းမသားတစ်ယောက်ပေါ့...

ယောင်္ကျားတွေဆိုရင်ချေမိုးခါချပစ်နေတဲ့
wonder women ပေါ့...။

ဒါပေမယ့် ဘယ်သူမှမသိတဲ့ လှို့ဝှက်ချက်တစ်ခုကျွန်မမှာရှိတယ်..။

အဲဒါက...

''အားးးးးးး...poison ငါ့အသဲလေး!!!''

''အမေလေး...ချောလိုက်တာ...၊ ဒီကမာမီအသက်ထွက်တော့မှာပဲ...ဘာလို့အဲလောက်တောင်ချောနေရတာလဲ!!!''

ဟုတ်ပါတယ်...ကျွန်မက otaku ပါ...။

(otaku- ဝတ္ထုဇာတ်ကောင်နှင့်ကာတွန်းဇာတ်ကောင်များကိုစွဲလမ်းနေသူ...)

The density of poison empresser
(အဆိပ်ဘုရင်ရဲ့ကံကြမ္မာ) ဆိုတဲ့ ဇာတ်လမ်း၊
လွန်ခဲ့တဲ့ ၇နှစ်က ထွက်ခဲ့တဲ့ဝတ္ထုရှည်တစ်ပုဒ်။
Fantasy ဇာတ်လမ်းကြိုက်သူများကြားလုံးဝနာမည်ကြီးခေတ်စားခဲ့၏...။

နန်းကျမိဖုရားနဲ့ရှင်ဘုရင်နဲ့ရခဲ့တဲ့ကလေး...
မွေးမွေးချင်း အမေနို့နဲ့အတူအမေ့သွေးတွေကိုပါသောက်သုံးခဲ့ရတဲ့ကလေး...
ဘဝတစ်လျှောက်လုံးအသက်လုပြေးရင်း နောက်ဆုံးရှင်ဘုရင်ရဲ့ပုလ္လင်မှာထိုင်နေပြီး
ဧကရာဇ်ဖြစ်လာမယ့် ကလေး...

ထိုကလေးက ခေါင်းဆောင်မင်းသား

Poison ဖြစ်တယ်...။
နာမည်က poison (အဆိပ်) တဲ့လေ...

''ဟုတ်တယ်...မမရဲ့နှလုံးသားလေးကို ညို့ယူဖမ်းစားခဲ့တဲ့အဆိပ်ကလေး...ချစ်လိုက်တာအဆိပ်ကလေးရယ်...''

ကျွန်မဘဝတစ်လျှောက်လုံး poison နဲ့ပဲဖြတ်သန်းခဲ့တယ်...။
ခက်ခဲတဲ့အချိန်...ပျော်ရွင်တဲ့အချိန်...ကျရှုံးတဲ့အချိန်...အောင်မြင်တဲ့အချိန်...

တစ်ချိန်လုံး poison နဲ့ပဲအတူရှိနေခဲ့တာ...။

poison က ကျွန်မရဲ့ထာဝရ...
ထာဝရ...
ထာဝရ...ချစ်ရသူပဲ...ရေးးးးးး

The density of the poison empresser

❗အပိုင်းသစ်❗

''ဟင့်!!''

စာရေးဆရာဆီကနေ ပုံမှန်တင်နေကျမဟုတ်ပဲ ရုတ်တရပ် တင်လာခဲ့တဲ့ အပိုင်းသစ်...

''ဘာ...ဘာ...ဘာလဲ ဒါကြီးက!!"

''ဘာလို့...ဘာလို့ poison ကသေရမှာလဲ!!
ဟင့်...ဘာ..ဘာလို့လဲ!!"

စာနာမှုမရှိတဲ့စာရေးဆရာရဲ့လက်ထဲ poison ကသေသွားခဲ့တယ်...။
အဲဒီအချက်ကို ဘယ်လိုမှလက်မခံနိုင်တဲ့ငါက စာရေးဆရာအိမ်ရှေ့သွားပြီးဆန္ဒပြခဲ့တယ်...။

(poison ကိုပြန်ရှင်အောင်လုပ်ပေး!!!)

(poison ပြန်ရှင်ရေး ဒို့အရေး...ဒို့အရေး)

ငါလည်ချောင်းကွဲအောင်အော်နေပေမယ့်ဂရူတောင်မစိုက်တဲ့စာရေးဆရာ...
ငါအစာငတ်ခံပြီးဆန္ဒပြပြန်တယ်...။

အဲဒီကျေးဇူးနဲ့...

''ဂုဏ်ယူပါတယ်...သင်သေသွားပါပြီး''

''ဟင်??🙂''

ငါသေသွားခဲ့တယ်...။

''why why😭😭...poison ကိုမကယ်ရသေးဘူး...သေနာကောင်စာရေးဆရာရဲ့ဖင်ကိုလည်းဆောင့်မကန်ရသေးဘူးလို့...why! why!! ဘုရားသခင်...''

''အားပြဲစိန်နဲ့မင်းငိုမနေလည်း မင်းဆန္ဒကိုဖြည့်ပေးလို့ရတယ်...''

''what😳!!''

''မင်း ကယ်ချင်တဲ့သူရှိတယ်မလား...၊ ကယ်ချင်ရင် မင်းလက်နဲ့မင်းကယ်''

''ဟင်??''

ဘုရားသခင်က ကျွန်မ နားညီးလို့ ပေးလိုက်တဲ့ဆု...

poison ကိုကယ်နိုင်မယ့်ဆု...

poison ရေ!!! မမလာပြီး...မာမီလာပြီး!

''ဟင့်!!"

ငါနိုးလာပြီး...။
ငါပြန်နိုးထလာပြီး...
ပြန်မွေးဖွားလာပြီး...

poison ရှိတဲ့ကမ္ဘာဆီမှာ...

poison ကိုယ်တိုင် လည်ဖြတ်သတ်မယ့်
ပထမဆုံး ဗီလိန်မကြီးအဖြစ်နဲ့ပေါ့...

''ဘုရားသခင်ရေ...🙂...ဒါပဲ🖕''

Coming Soon

Lovely PoisonWhere stories live. Discover now