အခန်း(၈)

739 118 0
                                    

အဆင့်မြင့် အိမ်ရာ၏ ဧည့်ခန်းတွင် မီးရောင်စုံက ဝေ့ဝဲနေခဲ့ပြီး သောက်စရာ ခွက်များ ကိုင်ထားသည့် ဘီကီနီသာ ဝတ်ထားသည့် အမျိုးသမီး မော်ဒယ်များနှင့် ကိုယ်တစ်ပိုင်းသာ ဝတ်ဆင်ထားသည့် အမျိုးသား မော်ဒယ်များမှာ ကူးလူး သွားလာနေခဲ့သည်။ ကျန်သည့် ချမ်းသာသော သခင်ငယ်လေးများမှာ လက်တစ်ဖက် တစ်ချက်တွင် မော်ဒယ်လေးများကို ပွေ့ပိုက်ကာ လောက စည်းစိမ်ကို ခံစားနေခဲ့သည်။

ပါတီသို့ ရောက်ထဲက သူ့အနား ကော်ကဲ့သို့ ကပ်နေသည့် လုလင်းရှင်းမှာ ပျောက်သွားခဲ့ပြီး အရက်စပ် ဘားကောင်တာတွင် လင်းရှီ တစ်ယောက်ထဲသာ ငူငူကြီး ကျန်ခဲ့ပေသည်။

ထိုအခိုက်အတန့် အပေါ်ပိုင်းဗလာဖြင့် ကြွက်သား တောင့်တောင့်ဖြင့် မော်ဒယ်တစ်ယောက်က ဝိုင်နီ နှစ်ခွက် ကိုင်ကာ လင်းရှီအနားသို့ လာထိုင်ပေသည်။

"သောက်စရာ? သခင်လေးလင်း?"

လင်းရှီ တစ်ဖက်လူကို အသာလေး ပြုံးပြ၍ သောက်စရာကို လှမ်းယူကာ သူ့မျက်နှာနား နီးကပ်နေပြီ ဖြစ်သည့် လူကို ပခုံးစွန်းမှ ကိုင်၍ အနောက်သို့ တွန်းလိုက်သည်။

"ငါ့အနားကနေ ဝေးဝေးနေ!!"

ထိုမော်ဒယ်၏ မျက်နှာမှာ စိတ်ပျက်မှုများ ထင်ဟပ်သွားပြီး အခြားလူတစ်ယောက်ဆီသို့ အမြန် ပြောင်းသွားသည်။

ထိုမော်ဒယ် ပျောက်သွားပြီးသည်နှင့် သုံးဘုံလောက ကနေ ပျောက်သွားသည့် လုလင်းရှင်းမှာ လည်ပင်းတွင် အချစ်ရာများ အပြည့်ဖြင့် ဘားဆီ ပြန်ရောက်လာကာ လင်းရှီထံသို့ ဖိတ်ကြားလွှာ တစ်ခု ထိုးပေးလာသည်။

"ချန်စွေ့ အစ်မရဲ့ မွေးနေ့ပါတီတဲ့!!"

လင်းရှီ ဖိတ်ကြားစာကို ကောက်မကြည့်မိခင် ဖန်ခွက်ထဲက ဝိုင်နီကာ အသာလှုပ်ကာ တစ်ကျိုက်ထဲ မော့ချလိူက်သည်။

"ငါ့အတွက် ဖိတ်ကြားစာက မင်းဆီ ဘယ်လို ရောက်နေတာလဲ"

"လွန်ခဲ့တဲ့ ညအနည်းငယ်က ငါချန်စွေ့ကို ဘားမှာ တွေ့တာ! ပြီးတော့ ငါတို့ကလည်း မင်းနဲ့ မတွေ့တာ တော်တော်ကြာပြီ ဆိုတော့ သူက မင်းကို ပေးပေးဖို့ ငါ့ကို ပေးလိုက်တာ! ဒါနဲ့ တကယ်ကြီး မင်း ဒီလတွေထဲ ဘယ်ရောက်နေတာတုန်း! ဘာတွေ လုပ်နေတာလဲ"

Spice Of LoveWhere stories live. Discover now