မနက် ၇နာရီခန့်တွင် လင်းရှီတစ်ယောက် နိုးတစ်ဝက် အိပ်တစ်ဝက်နှင့် တစ်စုံတစ်ယောက်က သူ့နာမည်ကို ထပ်ခါ ထပ်ခါ ခေါ်နေခဲ့သည်။ လင်းရှီ ညည်းညူလိုက်ပြီး စောင်ကို မျက်နှာတစ်ခုလုံးသို့ ဖုံးအုပ်လိုက်သည်။
"နှောင့်ယှက်နေတာ တော်ပါတော့~ အရမ်း ပင်ပန်းနေလို့ပါ ဟင့်~"
ရုတ်တရက် သူ့ခေါင်းမှ တစ်ကိုယ်လုံး ဖုံးအုပ်ထားသည့် စောင်မှာ ဖယ်ကာ အဝေးသို့ လွှင့်ပစ်ခြင်း ခံလိုက်ရပေသည်။ သည်းခံနိုင်မှု အဆုံးရောက်သွားသည့် လင်းရှီ တစ်ယောက် ထထိုင်၍ မျက်လုံးပိတ်လျက်ပင် တစ်ဖက်လူကို အော်ဟစ်လိုက်သည်။
"သေချင်နေတာလား။ ပြောနေတာ မကြားဘူးလားလို့!"
ထို့နောက် ကုတင်ပေါ်တွင် ကြာရှည်စွာ တိတ်ဆိတ်သွားပြီး လင်းရှီတစ်ယောက်လည်း လုံးလုံးလျားလျား နိုးလာတော့သည်။ ထို့နောက် ရိုးတွင်းခြင်ဆီမှ အေးခဲလာမှုက သူ့နှလုံးထိတိုင် ရောက်ရှိလာတော့သည်။
လင်းရှီ မျက်လုံးများကို အသာဖွင့်ကြည့်ကာ အကဲခတ်လိုက်သည်။ တစ်ဖက်လူမှာ ရုံးသွားရန် အနောက်တိုင်းဝတ်စုံအပြည့်ဖြင့် ကုတင်စွန်းတွင် ထိုင်နေခဲ့ပြီး အဖြေရှာမရသည့် တည်ကြည်မှုဖြင့် သူ့ကို လေးနက်စွာ ကြည့်နေခဲ့ပေသည်။
လင်းရှီတစ်ယောက် တံတွေး အသာမျိုချ၍ လေးဘက်ထောက်ကာ ထိုသူဆီသို့ တွားသွားလိုက်ပြီး အမျိုးသား၏ နှုတ်ခမ်းဆီသို့ အနမ်း ခပ်ကြီးကြီး ပေးလိုက်ကာ သနားစဖွယ် မျက်နှာလေး လုပ်ပြလိုက်သည်။
"တောင်းပန်ပါတယ်။ အကုန်လုံးက ကျွန်တော့်ရဲ့ အပြစ်တွေပါ!"
တစ်ဖက်လူမှ တုပ်တုပ် မလှုပ်လာသည်ကို မြင်ပြီးနောက် လင်းရှီ အောက်နှုတ်ခမ်းကို အသာကိုက်လိုက်မိသည်။
"ကျွန်တော် တကယ် အရမ်းပင်ပန်းနေလို့ပါ။ ပြီးတော့ ညသန်းခေါင်ကျော်တဲ့အထိ အိပ်မပျော်ဘူး။ အသက် ၅နှစ်ထဲက ဘယ်သူနဲ့မှ အတူမအိပ်ခဲ့ရတော့ အကျင့် မဖြစ်နေသေးလို့ပါ"
တစ်ဖက်လူကို မျက်နှာချိုသွေးပြီးသည်နှင့် ရေချိုးခန်းဆီသို့ တစ်ဟုန်ထိုးပြေးကာ မျက်နှာသစ် သွားတိုက်လိုက်သည်။
YOU ARE READING
Spice Of Love