အခန်း(၄)

876 134 0
                                    

မီးဖိုခန်းထဲမှ အမှိုက်များကို ရှင်းပြီးနောက် သွမ့်ရှန် ဆိုဖာတွင် ထိုင်နေသည့် လင်းရှီကို ညင်သာစွာလှမ်းကြည့်လိုက်သည်။

"မင်း ရေသွားချိုးသင့်ပြီ~"

"အို့!"

လင်းရှီ ဆိုဖာမှ ခုန်ထ၍ အနည်းငယ် ညည်းညူရင်း အခန်းဆီသို့ ဦးတည်လိုက်သည်။

သွမ့်ရှန် ကောင်လေး၏ အမူအရာ အားလုံးကို အကဲခတ်မိလိုက်သည်။

"စိတ်အခြေအနေ ကောင်းရဲ့လား"

လင်းရှီ ပြန်လှည့်လာကာ ချောင်းအနည်းငယ် ဟမ့်မိသည်။

"အမ်..နည်းနည်း!"

သွမ့်ရှန်တစ်ယောက် အလုပ်ခန်းဆီသို့ ဦးတည်၍ နောက်ဆုံးပိတ် စကားဖြင့် အဆုံးသတ်လိုက်သည်။

"ရေချိုးပြီးရင် တောင်းပန်စာ ပြီးအောင် လာရေး~"

လင်းရှီ : ".........."

လင်းရှီ ရေချိုးပြီး၍ အပြင်သို့ ထွက်လာသည့်အခါ သွမ့်ရှန်တစ်ယောက် သူ့ရုပ်တုငယ်များ ထည့်ထားသည့် စက္ကူပုံးများကို သယ်၍ စာကြည့်ခန်းထဲမှ ထွက်လာသည်။

"ဘာလုပ်နေတာလဲ။ ကျွန်တော့်ရဲ့ ပစ္စည်းတွေ ရွေ့နေတာလား"

ထိုနေရာသို့ အမြန်သွားရင်း စိတ်လှုပ်ရှားစွာ မေးမိသည်။

"အခန်းထဲက ထွက်မလာခင် ဘာလို့ ဆံပင် ခြောက်အောင် မလုပ်ခဲ့တာလဲ"

သွမ့်ရှန် ကောင်ငယ်လေး၏ ရေတစက်စက် ကျနေသည့် ဆံပင်ဖျားလေးများကို ကြည့်ရင်း စိုးရိမ်စွာ ပြောမိသွားသည်။

"ပြီးတော့ ပစ္စည်းတွေကို တွေ့တဲ့နေရာ လျှောက်ထားတာကို ဘယ်တော့မှ ရပ်မှာလဲ"

လင်းရှီ၏ မျက်နှာလေးမှာ အနည်းငယ် ရှုံ့မဲ့သွားရသည်။

"ခင်ဗျားသာ စင်ပေါ်မှာ ခင်ဗျားရဲ့ ပစ္စည်းတွေကို အပြည့်စီထားတာကို~ အဲ့ဒီတော့ ကျွန်တော့်ရဲ့ ရတနာတွေကို ထားရမဲ့ နေရာ မရှိတော့ဘူး!"

"ပစ္စည်းတွေကို ကျွန်တော့်ကို ပေး!"

လင်းရှီ သွမ့်ရှန်ဆီသို့ လက်လှမ်းရင်း ဆိုမိသည်။

Spice Of LoveWhere stories live. Discover now