1526-------1530

31 4 0
                                    

လောကသုံးပါးသခင်
…………………………
Chapter 1526:
        အင်ပါရီယန် အမှတ်အသား

ကြွက်ဘုရင်က အကြီးအကျယ်ကို အံ့အားသင့် သွားတာပါ။ ဒါကိုလည်း နားလည်ပေးလို့ ဖြစ်ပါတယ်။ အင်ပါရီယန် ခန္ဓာကိုယ်မှာပါတဲ့ အသက်ဓာတ်နဲ့ သွေးအဆီအနှစ်က တရားလွန် အာဟာရ ပြည့်လျှမ်းလွန်း လှပေတာကိုး။

ရှားဟိုဂျင် တစ်ယောက် အတော်ကြီး သနားစရာ ကောင်းလွန်းခဲ့ပါတယ်။ အနန္တ ချောက်ကမ်းပါးကျွန်းက လာတဲ့ ပါရမီရှင် ဖြစ်ခဲ့တာတောင် နယ်ခြားမှာ စွန့်ပစ်ခံ ပုံစံမျိုး သေဆုံးခဲ့ရတဲ့ အပြင်ကို အလောင်းတောင် အပြည့်အစုံ ချန်မထားခဲ့ နိုင်ပါဘူး။ ဒီလို အဆုံးသတ်မျိုးက ကြေကွဲစရာ။

တိုက်ပွဲကနေ ရလာတဲ့ အကျိုးအမြတ်က မနည်းမနောပါ။ ရှားဟိုဂျင်နဲ့ ရှု၀မ်ချင်းတို့တွေရဲ့ အင်ပါရီယန် အမှတ်အသားတွေကို ဘယ်လို ဝေခြမ်းရမလဲ ဂျန်ချန် ခေါင်းခြောက်ရပါပြီ။

အင်ပါရီယန် အမှတ်အသား တစ်ခုချင်းစီတိုင်းက ကောင်းကင်ဘုံ တာအိုကို နားလည် သဘောပေါက် သန့်စင်ပြီးကာမှ ရရှိထားတာပါ။ ထပ်ပြီး အဆင့်တက်ဖို့ မျှော်လင့်ချက် မရှိတော့တဲ့ ကြီးမြတ်သော အင်ပါယာ တစ်ပါးအဖို့ရာ ဖြတ်လမ်းနည်း သုံးချင်ရင် ဒီအင်ပါရီယန် အမှတ်အသားကို အသုံးချ နိုင်ပါတယ်။

ဒါကြောင့် ပိုင်ရှင်မဲ့ အမှတ်အသားက အင်ပါရီယန် အသစ် နှစ်ပါး ဖန်တီးနိုင် နေပါတယ်။ ရှားဟိုဂျင်ရဲ့ နောက်လိုက် နှစ်ယောက် ဖြစ်တဲ့ အကြီးအကဲပင်းနဲ့ အကြီးအကဲမိုတို့ တစ်တွေဆီက ရထားတာလည်း ရှိသည်မို့ အင်ပါရီယန် လေးပါး ပေါ်ထွက်လာနိုင်ဖွယ် ရှိပါတယ်။

သူတို့တွေကို ဘယ်လို ဝေခြမ်းရမလဲ ဂျန်ချန် သေချာ စဉ်းစားဖို့ လိုပါတယ်။ ပေါ့ပေါ့တန်တန် သဘော မထားသင့်။

နွေဦးနဲ့ အနှိုင်းမဲ့တို့က သုံးဖို့ မလိုအပ်ပါဘူး။ သူတို့တွေက ခွန်ပန်သွေး အဆီအနှစ်ကို သန့်စင် ပေါင်းစပ် ထားသည်လေ။ သူတို့တွေ အင်ပါရီယန် ဖြစ်ဖို့ အချိန် တစ်ချို့သာ လိုပါတယ်။ သူတို့ကို အမှတ်အသားပေးပြီး တကယ့် အရည်အချင်းကို မဖြုန်းတီးချင်မိ။

You've reached the end of published parts.

⏰ Last updated: May 18 ⏰

Add this story to your Library to get notified about new parts!

လောကသုံးပါးသခင်  လောကသုံးပါးသခင်Where stories live. Discover now